Tag Archives: Kenneth Wong

နတ်သမီး

နတ်သမီး မှောင်ရိပ်ထဲမှာ ကွန်းခိုရာ ရှာမိတယ် ပင်အပ်ဟာ ကြမ်းပေါက်ကျွံခဲ့ပေါ့ အချစ်က ဆီအပြည့်ခွက်ထဲတောက်ပ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေပါ့မယ်။ Advertisements

Posted in Uncategorized | Tagged , , , , | Leave a comment

မောင့်အချစ် ‘စီဖာ’

  စီဖာမင်းအရိပ်ရဲ့နှုတ်ခမ်းသားလေးတွေကိုငါ့ရဲ့ မြတ်နိုးမှုဇာနားကလေးတွေ တပ်ပေးထားချင်တယ် စီဖာမင်းလည်မှာ အမြဲဆွဲထားတဲ့ ပုတီးကုန်းကလေးရဲ့ သီကြိုးဖြစ်ဖြစ်မင်းကိုယ်ခန္ဓာမှာ ၀တ်ဆင်ထားမယ့်ဝတ်စုံရဲ့ကြယ်သီးလေးတလုံးဖြစ်ဖြစ်ငါ ဖြစ်ချင်မိတယ် စီဖာ မြွေအလမ္ပါယ်ဆရာဟာသူ့ပြွေသံနဲ့ ပခြုပ်ထဲက မြွေကို သူလိုရာ ကကွက် အတိုင်း က ခိုင်းသလို မင်းငါ့ကို ချုပ်ကိုင်စိုးမိုးပါ မင်းငါ့ကို ထင်သလိုဆော့ကစားပါ စီဖာငါ မသေချင်သေးဘူးမင်း ကိုယ်သင်းနံ့လေးကို မင်းနားပူးကပ်ပြီး မရှူရှိုက်ဖူးသေးသမျှမင်း နားရွက်နောက်နားလေးကို ငါ့နှုတ်ခမ်းနဲ့ဖိကပ်ပြီး မနမ်းဖူးသေးသမျှမင်း ငါ့ကို စေ့စေ့ကြည့်ကာ ကြည်ရွှင်တဲ့ရယ်သံလွင်လွင်ကလေးနဲ့ပစ်ပေါက်တာ မခံရဖူးသေးသမျှ။ ။ (စီဖာ = ဂရိဒဏ္ဍာရီလာ ‘စီစီဖတ်’ … Continue reading

Posted in Uncategorized | Tagged , , | Leave a comment

လာဗင်ဒါနဲ့ အ၀ါရောင်ပန်းများ

  ပို့လွှတ်လိုက်တဲ့ဆီကို စေးပျစ်နေတဲ့ ငြိမ်ခဲမှုတွေရဲ့ အမှောက်အမှားများအိတ်တွေထဲ ချောကလက်တောင့်များနဲ့ မာလကာပင်ပေါ်မှာ ကလေးဘ၀တုန်းက သူ့ဆန်းစစ်ချက်များသည် ရွှေပိုးကောင်နှယ် စိမ်းရင့်ခြင်းပုလဲရောင်တောက်တောက် ဦးဏှောက်ကို မသိမသာ ကြိတ်၍ပံ့ပိုးခြင်းများ အဖြစ်သနစ်နဲ့အတူ အပျော်စီး Cruise သင်္ဘောကြီးနဲ့ ခရီးထွက်မယ်ပေါ့ အမြောက်တွေပစ်ဖောက်ပြီးတော့ ကြိုဆိုမယ်ပေါ့ လမ်းဘေး အသုပ်ဆိုင်ကလေးရဲ့ခွေးခြေပေါ် ဒူးတင်ပေါင်တင် အကြွေစေ့တွေ တချွင်ချွင် ၁၉၆၀ များ၊ အတွေ့အကြုံနုနုနယ်နယ် မအူမလည် ၁၉၇၀ များ၊ ခုနှစ်သက္ကရာဇ်တွေအပေါ် အကြင်နာတရားကင်းခဲ့တယ် ပျောက်ဆုံးခြင်း သီတာခုနစ်တန် ရေမြင့်ပေမယ့် ကြာကတော့ မတင့်တယ်နိုင်ခဲ့ ပိုးဖလံမို့ … Continue reading

Posted in Uncategorized | Tagged , , , | Leave a comment