Category Archives: Uncategorized

အိမ်ပြန်ချိန်

ခါတိုင်းလိုပဲ မောင်ဒေးနဲ့ထိုင်နေကျဆိုင်မှာထိုင်ပြီး ၁၀ နာရီလောက်မှာ မထချင်ပဲ ထခဲ့တယ်။ ဘန်ကောက်မြို့လည်ကနေ ကိုယ်နေတဲ့ အစွန်အဖျားကို ရောက်တဲ့ ဘတ်စ်ကား ၁၃၈ ကို စီး လာခဲ့တယ်။ အ၀ိုင်းကြီးကိုပတ်ပြီး ပရတူနမ် ကုန်းကျော်တံတားက ဆင်းပြီးတာနဲ့ နှစ်ထပ်အမြန် လမ်းအ၀င် တိုးဂိတ်ကိုရောက်ပြီပေါ့။ ပြီးရင်တော့ မိုးပျံတံတားကြီးတစ်လျှောက် မနားတမ်းမောင်း သွားတော့မယ်။ မိုးမျှော်တိုက်တွေကို တရိပ်ရိပ်ဖြတ်ကျော်ခဲ့ပြီး တနေရာရောက်တဲ့အခါ တခြား အမြန်လမ်းတွေဘေးကနေကွေ့ဝိုက်ပြီးလာပေါင်းကြတာမို့ မိုးပျံတံတားဟာ ပြန့်ကျယ်ကြီးဖြစ် သွားတော့တယ်။ ဒါပြီးရင်ဘတ်စ်ကားဟာ ကျောက်ဖရားမြစ်ကိုဖြတ်တော့မယ်ဆိုတာ သိနေပြီ။ အဲဒီလိုဖြတ်ခိုက်မှာမြစ်ရဲ့ဘယ်ညာတစ်လျှောက်က မီးရောင်စုံတွေ အနှံ့လင်းနေတဲ့ … Continue reading

Posted in Uncategorized | Leave a comment

သိပ်လှတဲ့မြစ်တစ်စင်း

မြစ်နဲ့တောင်မတူဘူး လှလွန်းလို့၊ ရင်ထဲမှာ တသိမ့်သိမ့်နဲ့ ကြည်နူးလို့မဆုံးနိုင်၊ တကိုယ်လုံးကို ထွင်းဖောက်ပြီး ဖြတ်သန်းစီးဆင်းသွားတာ၊ မြစ်မှဟုတ်ရဲ့လားကွာ လှလိုက်တာ။ ။ ခင်အောင်အေး ၁၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၄း၀၀ နာရီ

Posted in Uncategorized | Leave a comment

ယိုဖိတ်ခြင်း

 အမျိုးအမည်မသိ ကျိုင်းကောင်များနှယ် အချိန်ယူစိုက်ပျိုးထားတဲ့ သီးနှံခင်းထဲ အုပ်လိုက် မည်းမည်းလှုပ်လှုပ် ထိုးဆင်း သုတ်ကြတယ်  မပြယ်သော မေတ္တာတရားသာ ကယ်မ ရာ နည်းကောင်းလမ်းကောင်း စိတ်ကူးချဲ့ရာနောက်ကို အဆိုးမလိုက်စေလင့် အသိကောင်းရှိရင် ဘ၀မှာ အဖြေကောင်းရှိပါတယ်   ချစ်ခြင်းဖြင့် ထိုးတက်လာသော အပင်၌ အမြစ်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အလက်၊ အညွန့် အပွင့်၊ အသီး အားလုံးဟာ ဆေးဖက်ဝင်ပါတယ် ယုံကြည်စွာ အားကိုးစိတ်ဖြင့် ပုံအပ်ဖို့ပဲ လိုမယ် —   ၂၀၁၆ ခု … Continue reading

Posted in Uncategorized | Leave a comment

ကျိန်စာ

    ကုက္ကိုလ်ပင်ရဲ့အရိပ်တွေ ထောင့်မာ နေကြလို့     ညက မက်ခဲ့တဲ့ အိပ်မက်ဟာ ကျောမှာ စိုက်ရက်တန်းလန်းကြီး     ကားကြိတ်ခံ ခိုတကောင် ကတ္တရာလမ်းပေါ် သွေးနဲ့စေးထန်း     မမြင်ရတဲ့ အနာဂတ်ထဲ အရိပ်မည်းမည်းကြီးတွေ      နေအလင်း အစူးမခံရပါပဲ မျက်နှာရှေ့မှာ လက်နဲ့ကာမိ။

Posted in Uncategorized | Leave a comment

နတ်သမီး

နတ်သမီး မှောင်ရိပ်ထဲမှာ ကွန်းခိုရာ ရှာမိတယ် ပင်အပ်ဟာ ကြမ်းပေါက်ကျွံခဲ့ပေါ့ အချစ်က ဆီအပြည့်ခွက်ထဲတောက်ပ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေပါ့မယ်။

Posted in Uncategorized | Tagged , , , , | Leave a comment

ပန်းကလေး ၅

နေ့တွေကို မင်းဖြတ်သန်း ကျင်လည်ရပုံ ကိုယ့်ကိုယ်ကို စွဲမက်ဖွယ်ဖြစ်စေချင်ပုံ ကိုယ့်ကိုယ်ကို အန္တရာယ်က ရှောင်ဖယ်ရပုံ ကိုယ်ကောင်းကောင်းကြီး စာနာနားလည်နိုင်ပါရဲ့။ မင့်အလှနဲ့ မင့်အိနြေ္ဒ ထိန်းသိမ်းပုံကိုကျတော့ ကိုယ် မရိုသေပဲကို မနေနိုင်ဘူး။

Posted in Uncategorized | Leave a comment

ပန်းကလေး ၎

မင်းက သိပ်လှတယ်။ ဘယ်သူတွေက မင်းကို လှတယ်လို့ ထင်-ထင် မလှဘူးလို့ပဲ ထင်-ထင်၊ ကိုယ့်အတွက် မင်းက သိပ်လှတယ်။ ဘာလို့ဆို- ကိုယ်က မင်းကို သိမ်မွေ့နူးညံ့စွာ ချစ်နေမိတာကိုး ပန်းကလေးရဲ့။

Posted in Uncategorized | Leave a comment