Author Archives: khinaungaye

အခွံနွှာထားတဲ့ ပန်းတစ်ပွင့်ပေါ်က တက်တူး

အရေပြားရဲ့ အောက်အနက်ထဲ တူးမီလီမီတာလောက်ပေါ့ စာအုပ်တစ်အုပ်ရဲ့ အနှောင့်ပေါ်မှာ ရေးထားတဲ့ စာသားအချို့ လေယာဉ်တစ်စင်း ဖြတ်ပျံသွားတဲ့အခါ ကော်ဖီအသောက်မပျက် ခဲ့ပါဘူး မင့်လက်သည်းနီ အမျိုးအစားကို Wikipedia ထဲမှာ ရှာ ကြည့်တော့ တစ်လမ်းသွား တစ်ကြောင်းခြစ် လွယ်ကူခြင်း/ခက်ခဲ ခြင်း ကိုယ်တို့ဘယ်မှာဆုံတွေ့ကြမလဲ တယ်လီဖုံးလိုင်းတွေ အား ပျော့နေတဲ့အခါ နဂိုရ်က မထက်သန်မှု ဒီလို ညည့်ဦးမှာ ရုတ်တရက် ၀ိုင်းဝိုင်းစက်စက်ပေါ်လာတဲ့ လ၀န်းကြီးနှယ် ဖြောင့်တန်းနေတဲ့လမ်းမ နက်မှောင်တလျှောက်လုံးပေါ်ကို စေတနာတွေဟာ မပြတ်တမ်းယိုဖိတ် ခဲ့တယ် တောလမ်းကလေးရဲ့ ဘယ်ဖက်ခြမ်းက အရိပ်မည်းမည်းထိုးကျ … Continue reading

Posted in Uncategorized | Leave a comment

‘အက်ပီဖနီ’ နဲ့ အတိတ်ကာလပြပုဒ်ဂီတ

   တေးသွားကလှပရိုးရှင်းပေမယ့် ကွဲပြားတယ် ဖိတ်သွားတဲ့ ကော်ဖီရည်တွေ ကော်ဇောပေါ် အချစ်က ဖန်ခွက်လှလှလေးထဲမှာ တောက်ပ ပိုက်လုံးတစ်လျှောက်လျှောဆင်းလာတဲ့မိုးရေ ဘာမှမခံယူလိုက်ရတဲ့ လက်ဗလာထဲမှာ စိုရွှဲ မြက်ခင်းပြင်တပြင်လုံးမှာ မယုံကြည်ခြင်းများ သစ်ရွက်တစ်ရွက်ချင်းစီပေါ်က စကားလုံးတိုင်း ဟာ သံသယ အပျော့စား လိုင်စင်မဲ့လက်နက် ခြေသလုံးနဲ့ ဖနောင့်ရဲ့အစပ်က ၀င်းပနေတဲ့ ပျော်ရွှင်ဘွယ်တေးသွားကို လေချွန်နေတုန်းပဲ။    ၁၃ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်န် ၁၉း၀၆ နာရီ

Posted in Uncategorized | Leave a comment

ငါဟာ ကိုယ့်ကိုယ်ကို အားပါးတရ ပျောက်ဆုံး

မိုရေများနဲ့ရွှဲနစ် (အပြင်မှာ မိုးတွေရွာနေတယ်) အေးစက်တဲ့ အထိအတွေ့က မရောက်နိုင်တဲ့ ခရီးများ မျက်နှာသစ်ကြွေခွက်မှာ နေ့တိုင်း ကိုယ့်ကိုယ်ကို တွေ့တယ် မီးရထား မမီလိုက်တဲ့ အကြိမ်များဟာ မိတ်ဖြစ်ဆွေဖြစ်ရုန်းကန်လို့ အသားထဲထိ နစ်ဝင်နေတဲ့ သတိရမှုများ ဒဏ်ရာလို နာကျင် မျက်နှာပြင်ပေါ်မှာ ဘာ အမှတ်အသားမှ မပေါ်ခဲ့။ ။ ၁၂ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်န် ၁၈း၁၅ နာရီ

Posted in Uncategorized | Leave a comment

ကျီးကန်းဥရောင် ဆန်းဒေး

ပန်းခြံထဲမှာ ကြောင်တစ်ကောင်မှ ရှိမနေဘူး ပန်းခြံကို မြစ်နဲ့ပတ်ပြီးထုပ်ပိုးထားတယ် သူမရဲ့ ဆံပင်တွေက လေထဲမှာ ၀ဲလွင့်လို့ “ကော်ဖီဆိုင် အရင်သွားကြမလား..” တောက်ပတဲ့နေရောင်ခြည်ဟာ မိုးသည်းသည်းအောက်မှာပြာနှမ်းသွားခဲ့တယ်။ ၅ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်၊ ၁၁း၀၇ နာရီ Crow-Egg-Colored Sunday Not a single cat in the garden. The garden is paper-wrapped and packaged in a river. Her hair floats … Continue reading

Posted in Uncategorized | Leave a comment

သမီးအတွက် မွေးနေ့လက်ဆောင် ” အီကေဘားနား လ”

Ikebana Moon_ebook

Posted in Uncategorized | Leave a comment

လွမ်းမိုး

မိုးတွေ ရွာနေသလိုပဲ အလွမ်းတွေ ရွာနေလိုက်တာ ရွာပါစေလေ.. သူမှ မအောင့်နိုင်တာ ရိုးမတောင်ကြီးကို ကျော်ပြီး ဒီရောက်တဲ့အထိ အဲ့ဒီ အလွမ်းတွေကို ပွေ့ပိုက်ဆောင်ယူလာခဲ့တာ ပြီးတော့မှ ရှိုက်ကြီးတငင် ငိုချ လိုက်တော့တာ ဆက်လွင့်သွားမယ့် မိုးသားတိမ်တိုက်တချို့ထဲ အလွမ်းတွေ ကျန်မှ ကျန်ပါတော့မလား..။ ။ ၁၀ ဇွန် ၂၀၁၄ ဆမ်ဘာဝမ်၊ စင်္ကာပူ ၂၁း၄၀ နာရီ

Posted in Uncategorized | Leave a comment

ချယ်ရီပန်းများထံသို့ မရပ်မနားသီချင်း

တောင်တွေကနေလှမ်းပြီး ရစ်ဖွဲ့တဲ့ သံယောဇဉ်ကြိုးဟာ ရုန်းကန်ဖို့ ခက်ခဲလှချည့် နှင်းခဲပြင်ဖြူ လွ နောက်ခံမှာ နေခြည်ပြောက် အဝေးမြင်ကွင်းဟာ လက်တစ်ကမ်းမှာ နှုတ်ဆက်လိုက်ဖို့ခက်ခဲတဲ့ သစ်ကိုင်း မည်းမည်းဖုထစ်ရွတ်တွများ အသံနဲ့ မန်းမှုတ်ထားတဲ့ သစ်ရွက်စိမ်း နှလုံးသား တစ်ခုချင်းစီကနေ ပွက်အံလာတဲ့ စရွေးကိုက် ချစ်ခြင်းမေတ္တာ လှိုင်းအလျားရှည်ရှည် ဖြူလွလွ ပါးပြင်ပေါ် နီစွေးတဲ့ ရှက်သွေးဖြာမှု ဆောင်းကို ကိုယ့်ဖာသာ သိတဲ့ စာသား Text တွေ ပြီးတော့ အယူလွဲမှု ကျောက်စိုင်ကျောက်သားအချို့  ငုံ့ထားတဲ့ ခေါင်းပေါ်ကို ထိုးကျလာမယ့် … Continue reading

Posted in Uncategorized | Leave a comment

နာရီ

မင့်ကို တမ်းတရမှုအစုစုက ပြတင်းက စီးကျတဲ့နေရောင်မှာ ငါ့ အရိပ်ကို ပိုပြီး ရှည်မျောစေခဲ့တယ်၊ ဘာသိဘာသာ မင့်အချစ်များအပေါ် ငါ့ ထွန့်ထွန့် လူး ဖြစ်ရမှု.. ပြီးတော့ သောကြာနေ့များရဲ့ ထုံးစံ မထုံတက်သေး မနီးဘူး ဒါပေမယ့် ဝေးလည်းမဝေးဘူး နောက်ပြီးတော့ ကိုယ်ချင်းစာတရားဟာ မှောင်မည်းလို့ .. ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ် ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ် ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ် ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ် ထိုးကျွေးခဲ့တယ် ဖဲချပ်တွေနဲ့ ဖဲချပ်တွေနဲ့ ဖဲချပ်တွေ… ၁၂ ဒီဇင်ဘာ ၂၀၁၄ … Continue reading

Posted in Uncategorized | Leave a comment

အမည်မဲ့ အ၀ါရောင်လမ်းကလေး

အနက်အဓိပ္ပါယ်များရဲ့ အ၀ါရောင်လမ်းကလေး ဖြူးဖြောင့်လိုက် ကွေ့ကောက်လိုက် လမ်းတစ်လျှောက် သစ်ပင်ပန်းမန်များ အချစ်ကို ရှာဖွေစူးစိုက် နစ်စွဲခိုက် ရုန်းကန်ရမှုနဲ့ ရင်ခုန်ကြည်နူးရခြင်းများဆတူ အိပ်မပျော်ညတွေနဲ့ ရင်းနှီးကျွမ်းဝင်ရင်း မင့် အမည်နာမကို ငါ့ တစ်ဘ၀စာ မင်ကြောင်ထိုးခဲ့ပြီ။ ။ ခင်အောင်အေး ၂၇ မတ်ခ်ျ ၂၀၁၄

Posted in Uncategorized | Leave a comment

တွန့်ကျေနေသောလေထဲ၌ ငိုက်မြည်းနေတဲ့ တိမ်

အဲလို ခေါင်းစဉ်လှလှလေး ပေးပြီးတော့ ကဗျာတပုဒ်လောက်ရေးရကောင်းမလား ဆိုတာ ခေါင်းကိုက်လှပါသည်။ တိမ်သည် အချိုး မပြေသော ကျစ်ဆံမြီးနှစ်ချောင်း နှင့်ကောင်မလေးသာဖြစ်၏။ မိုးရွာသောနေ့က င့ါအလွမ်းဝတ်ရုံများသည် တဖျတ် ဖျတ်လွင့်နေခဲ့ပါသည်။ မမှားသောရှေ့နေတစ်ယောက် အရက်ဆိုင်ထဲဝင်သွားပြီ။ ကြွတက်လာသော အော်ဂလီဆံစရာအတွေးများအတွက် ကိုယ့်ရှေ့မှာ စောင်းငန်း စောင်းငန်းသွားနေတဲ့ ထိပ်ပြောင်ကြီးရဲ့ ခေါင်းကို ရိုက်ခွဲမိတော့မယ့်ဆဲဆဲမှာ မုန့် ဟင်းခါး စားချင်နေသည်။ ကော်ဖီသောက်ပြီးပြီ။ သကြားထုတ်ကို သူ့လက်ချောင်း သွယ်သွယ်ကလေးများဖြင့် ဖွင့်ပေးပုံ။ ကြမ်းတမ်းသောစကားများက သစ်ပင်ပေါ်က အရွက်မှန်သမျှကို ချွေချပစ်လိုက်သည်။ နီးကပ်သော ဝေးကွာမှုများသည် အ၀ါ … Continue reading

Posted in Uncategorized | Leave a comment