Blog Stats
- 14,651 hits
-
Recent Posts
Categories
Archives
Blogroll
-
Author Archives: khinaungaye
ပန်းကလေး ၁
ကျောင်းမှာ အထွေထွေသိပ္ပံ စသင်တော့ အရာဝတ္ထု ပစ္စည်းတွေရဲ့ ရုပ်ဂုဏ်သတ္တိ ဓါတ်ဂုဏ်သတ္တိ ဆိုတာသင်ရတယ် ရေ၏ အရောင်အဆင်းအနံ့အရသာမှာ.. သကြား၏အရောင်အဆင်းအနံ့အရသာမှာ.. အစရှိသဖြင့်ပေါ့လေ ပန်းကလေး.. မင့် အရောင်အဆင်း အနံ့အရသာက အားလုံး ကြည်ပြာရောင် –။
Posted in Uncategorized
Leave a comment
ဘီအာရ်သို့ ပေးစာ
(ခြေဆင်း) ၀တ္ထုကောင်းကောင်းလေး ဖတ်ချင်တယ်။ အနားမှာ ၀တ္တုတို စာအုပ်တွေ ချထားပြီး ဖတ်လိုက်မဟဲ့ဆိုတာ ဘယ်စာအုပ်မှ မငြိဘူး။ ကိုယ့်ဟာကိုယ်လည်း ရေးချင်စိတ်တွေ ယားယားယံယံ ဖြစ်တယ်။ ဒါပေမဲ့ တကြောင်းတောင် မစ ဖြစ်ဘူး။ ဒီလ ၁၃ ရက် မတိုင်ခင်ကတည်းက ကိုအောင်ချိမ့် ပွဲအတွက် စိတ်လှုပ်ရှားရ၊ ကိုအောင်ချိမ့်ပွဲ အောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်လို့ ပျော်ရွှင်ရ။ နောက် ၃- ၄ ရက်မှာတော့ သမ္မတ ရွေးချယ်ပွဲထဲ စိတ်က တန်င်ရှင် ဖြစ်နေခဲ့။ နောက်ဆုံး ဦးထင်ကျော်သမ္မတ အဖြစ်အရွေးခံရတော့မှ … Continue reading
Posted in Uncategorized
Leave a comment
ကျိန်စာ
ကဗျာကို အပျော်ပဲကြံခဲ့တာ လေးနက်မှုနဲ့ မှောင်မည်း ခက်ခဲခြင်း ပြီးတော့ ပြန်မရုန်းထွက်နိုင်တော့ခြင်း သေအောင်ပါမယ့် ဒဏ်ရာ။ ။
Posted in Uncategorized
Leave a comment
နတ်သမီး
ကုန်းတတန်၊ ရေတတန်၊ လှေတတန် လေယာဉ်ပျံလဲ ကြုံသလို တက်စီးရသေးတယ် ရေဒီယိုမှာ မိုးလေ၀သ သတင်းက မင်းနဲ့နီးစပ်ဘို့ ပိုဆိုးသွားတယ် ကြက်ဥကို မွှေခေါက်ပြီး ကြော်လိုက် သေးတယ် ပုံနှိပ်မဂ္ဂဇင်းတွေ အကြောင်းတော့ မပြော ပါနဲ့တော့ကွာ ဧည့်သည်တွေက လိမ္မာရေးခြား ရှိရှာကြ ပါတယ် ဒေါ်လာ အစုတ်အပြဲကိစ္စနဲ့ကို အနုပညာမြောက် နေခဲ့ပြီ မနေ့က မင်းကိုယ်တိုင်တောင်မှ အိပ်ဆေးသောက် အိပ်ရတယ် ဆို! လိမ္မော်သီးကို ပန်းသီးလို့ လိမ်ရောင်းလို့ ရတာ ကမ္ဘာပေါ်မှာ အဲဒီ စုံတွဲ တတွဲပဲ … Continue reading
Posted in Uncategorized
Leave a comment
(ပျော်ရွှင်မှုဆိုတာ အနီရောင်နှင်းဆီတွေကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အချိန်)
ကွဲပြားခြားနားတဲ့ “ည” တွေပါဖေဖေါ်ဝါရီလဆိုရင်တော့ နှစ်ဆယ့်ရှစ်ပုလင်း မျက်လှည့် ဆရာတယောက်လိုပဲ သေသပ်ပိရိပြီးပညာသားပါလွန်း လမ်းထောင့်တနေရာမှာ အ၀တ်ဖြူ နဲ့လူတစ်စု နေမထွက်ဘူး၊ ကောင်းကင်က မီးခိုးရောင်ဖျော့ဖျော့ အလွမ်းတွေနဲ့နှင်းဆီပန်း တွေအကြောင်း မှန်းချက်နဲ့ နှမ်းထွက်လွဲရပြန်တယ် ဆားဓါတ်ပါတဲ့ သဲမှုန်တွေကြောင့် ကင်မရာ ပျက်စီးနိုင်တယ် တဲ့ ဘာလီက ကော်ဖီခါးခါးတစ်ခွက်ပဲ ငွေမင်ရောင် အနားသတ်နဲ့ တိမ်လိပ်တွေ အလူမီနီယံ ခုံတန်းရှည် စုစုပေါင်း ၁၂၈ ခု ရွဲ့စောင်းနေတဲ့ အနီရောင်မီးသတ်ဗူး တခု ဂဠုန် ကြေးရုပ်တုကြီးရှိတယ် အပြင်ဖက်ကိုလှမ်းကြည့်ရင်းက စိတ်လှုပ်ရှားမှုဟာ ဂျက်ကက်ရဲ့အတွင်းဖက်ခြမ်းမှာရှိတယ် … Continue reading
Posted in Uncategorized
Leave a comment
ချိုးဖဲ့ထားတဲ့ တိမ်တိုက်များ
င့ါမှာ အခါခါ သေရတယ် သေရတယ် နူးညံ့သိမ်မွေ့တဲ့ နွေရာသီ အလင်းဟာ ဘယ်အထိ ဆောင်ကျဉ်းသွားနိုင်မလဲ ကြမ်းပြင်ပေါ်မှာ ပန်းခြောက်အကြွေတချို့ အကွက်လိုက်ပေါ်နေတဲ့ နှစ်ရှည်လများ မတိုက်မချွတ်ပဲ ထားတဲ့ ချေးညှော်တွေ အမုန်းဟာ နောက်ဖေးဘက် မြက်ရိုင်း တွေကို ဖြတ်လာပြီး မီးဖိုချောင်တည်ရှိ ရာပြတင်းပေါက်က ၀င်တယ် အိမ်မကြီး ရဲ့ အလယ်စင်္ကြန်ကို တချက်ပတ်မွှေ့ပြီး ဧည့်ခန်းထဲ မြွှေမကြောက်ကင်းမကြောက် ဒိုးယိုပေါက် မင်း နေကောင်းတယ် မှလား စကားသံဟာ အက်သံပါနေခဲ့တယ် လေ ချွန်သံခပ်တိုးတိုး ကြားလိုက်ရပြီးတဲ့နောက် … Continue reading
Posted in Uncategorized
Leave a comment
အချိန်းအချက်
ညနေ ၆ နာရီဟာ ဘယ်သူ့အတွက်မှမဟုတ်ပဲ ကိုယ်တစ်ယောက်ထဲအတွက် သေချာချိန်ရွယ်ထား တဲ့ တမင်ကလာပြုမှုအနေနဲ့ ကျရောက်လာခဲ့တယ် ကိုယ်ဆီးပွေ့လိုက်တော့ သူက အလိုက်သင့် နှုတ်ခမ်း လေးထိုးပေးတယ် ပြီးတော့ သိတယ်မှလား ရေမှုန်တွေ သီးနေတဲ့ ကဖေးဆိုင် မှန်နံရံပေါ် လက်ချောင်းနဲ့ပွတ်ရေး ထားတဲ့ Love & Sex ဆိုတဲ့စာသား ညနေ ၆ နာရီဟာ သူ့လက်သည်းတွေကို သွေးပုပ်ရောင်ဆိုးလာခဲ့တယ် ဆံပင်တွေကိုတော့ ဒီအတိုင်းဖားလျားချထားတာဟာ သူ့ရင်ညွန့်ဆီလောက်ထိပဲ သူ့ အချစ်ဟာ ဂါဇာမှာ ဖြစ်နေတဲ့ ပစ်ခတ်မှုတွေလောက်မက ပြင်းထန်နေ … Continue reading
Posted in Uncategorized
Leave a comment
မိုးကုပ်စက်ဝိုင်း
သေနေတဲ့မျဉ်းကြောင်းထဲ တပါတ်လည်ဂျွမ်းနဲ့ပစ်ဝင်လိုက်တယ် ဂွမ်းစိုင်တွေလို တိမ်တွေနဲ့ပစ်ဆောင့်တော့ ပေါ့သွမ်းတဲ့ ရယ်သံတွေဟာ တုံခါထွက်လာရဲ့ မဆုံးနိုင်တဲ့ လွင့်ပျံနေမှုထဲမှာ အေးစိမ့် အချစ်ဟာ ဟိုးတဖက်မှာ ပြာချင်တိုင်းပြာလို့။ ။ ခင်အောင်အေး ၃ အောက်တိုဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း တာမွေ ၁၇း၅၄ နာရီ
Posted in Uncategorized
Leave a comment
မုန်တိုင်းအမည်ရှိ အက်ဆေး (စကားပြေ လေ့ကျင့်ခဏ်း)
မရောက်သေးသောခရီးမိုင်များသည် ရှည်လျားလှပေစွ။ ဘ၀သည် ခရီးလား။ နာရီသံတချက်ချက်၏ ထုံထိုင်းထိုင်း စေ့ဆော်မှုသည် နံရံပေါ်က ပြက္ခဒိန်ကို သွေးတိုးစမ်းနေသလို။ မနက်က သောက်ခဲ့တဲ့ ကော်ဖီခွက်မှာ ယင်ကောင် တစ်ကောင်နားနေသည်။ ဟိုတစ်ယောက်ဆီကို ဖုံးမဆက်ရသေးပါ။ မှတ်တိုင်များသည် သမိုင်း၏အထောက်အထားများလေလော။ ရွက်ခြောက်များ ရောက်လာလိုက် ပြန်ပျောက်သွားလိုက်။ ထိုင်နေသော ကခြေသည်၏ (သိမ်မွေ့နူးညံ့စွာ) နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်အုံ။ ဖောထပ္ဗအာရုံ။ အပျက်သည် အဖြစ်၏နောက်မှ ကပ်လျက်။ အ၀ါရောင် ဂျုံခင်းသည် တောက်ပ လျက်။ အဝေးမှ ခေါင်းလောင်းသံများသည် အနားမှာ တီးခတ်နေသလို နားများပင် … Continue reading
Posted in Uncategorized
Leave a comment
နာမည်ဝှက်
ကြက်ဥတစ်လုံးကို အမာခံကြမ်းပြင်တစ်ခုပေါ် မတ်မတ်ထောင်ဖို့ကြိုးစားသလို မင်းနဲ့ငါရဲ့ချစ်ခြင်း.. ပြင်းပျတဲ့ စိန်ခေါ်မှုများရဲ့ ဇန္န၀ါရီပြီးတော့ ဖေဖော်ဝါရီ အလင်းဟာ သူ့တန်ဖိုးကို ထိန်းချုပ်ဖို့ ဖုတ်ဖက်ခါရုံပဲ တတ်နိုင်ခဲ့တယ် စာသားများရဲ့ ချော်တောငေါ့မှုအပေါ်မှာ လိုတရအကြည့်များ ပြီးတော့ မဖော်ပြနိုင်တဲ့ အမည်နာမ ကျစ်ထားတဲ့ကြိုးဟာ ခိုင်မာရုံမျှမကပဲ လိုရာဆီဆွဲထိန်းလိုက် နိုင်သလို အဖုံးရဲ့မျက်နှာပြင်မှာ ရေးထိုးထားတဲ့ ဒေတာတွေ။ ၈ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း ရန်ကုန် ၂၁း၁၆ နာရီ
Posted in Uncategorized
Leave a comment