Blog Stats
- 15,016 hits
-
Recent Posts
Categories
Archives
Blogroll
-
Join 10 other subscribers
-
Author Archives: khinaungaye
ရုတ်သိမ်းပြီးနောက် ပြန်လည်ကြားနာခြင်း
ယုတ်မာမှုကလွဲပြီး ဘယ်လိုမှ ဗုဒ္ဓံသရဏံပန်းပင်များ ဦးခေါင်းတစ်လုံးရဲ့ ယုတ္တိယုတ္တာ လက်ပတ်အနီ မွှေးမွှေးကြိုင်ကြိုင် ကျယ်ပြန့်သော တောအုပ် ငါ ပြုတ်ကျသွားပြီ ခင်ဗျားပြုတ်ကျသွားပြီ ပြည်သူလူထုကြီး တစ်ရပ်လုံးလဲ ပြုတ်ကျသွားပြီ ‘ရော့ မင်းတစ်ထုပ် ငါ တစ်ထုပ် စားကြရအောင်..’ ငိုပြတာ တစ်ခုပဲ သူ့ကို စိတ်ပျက်တာ ငရုတ်သီးတွေကို ရေးဆေးပြီး သေးသေးလေး ဖြစ်အောင် လှီးလိုက်တယ် ရေးထားတဲ့ ကြေးနန်းစာ လက်ပတ်အနီ ဟိုရှီနိုက ဧည့်ကြိုကောင်တာကိုသွားပြီး Text ဟူ၍ ပြောင်းလည်းကာ သုံးစွဲလိုက်ခြင်း ‘ မျက်နှာဖုံးအခန်းကို … Continue reading
Posted in Uncategorized
Leave a comment
အိမ်ပြန်ချိန်
ခါတိုင်းလိုပဲ မောင်ဒေးနဲ့ထိုင်နေကျဆိုင်မှာထိုင်ပြီး ၁၀ နာရီလောက်မှာ မထချင်ပဲ ထခဲ့တယ်။ ဘန်ကောက်မြို့လည်ကနေ ကိုယ်နေတဲ့ အစွန်အဖျားကို ရောက်တဲ့ ဘတ်စ်ကား ၁၃၈ ကို စီး လာခဲ့တယ်။ အ၀ိုင်းကြီးကိုပတ်ပြီး ပရတူနမ် ကုန်းကျော်တံတားက ဆင်းပြီးတာနဲ့ နှစ်ထပ်အမြန် လမ်းအ၀င် တိုးဂိတ်ကိုရောက်ပြီပေါ့။ ပြီးရင်တော့ မိုးပျံတံတားကြီးတစ်လျှောက် မနားတမ်းမောင်း သွားတော့မယ်။ မိုးမျှော်တိုက်တွေကို တရိပ်ရိပ်ဖြတ်ကျော်ခဲ့ပြီး တနေရာရောက်တဲ့အခါ တခြား အမြန်လမ်းတွေဘေးကနေကွေ့ဝိုက်ပြီးလာပေါင်းကြတာမို့ မိုးပျံတံတားဟာ ပြန့်ကျယ်ကြီးဖြစ် သွားတော့တယ်။ ဒါပြီးရင်ဘတ်စ်ကားဟာ ကျောက်ဖရားမြစ်ကိုဖြတ်တော့မယ်ဆိုတာ သိနေပြီ။ အဲဒီလိုဖြတ်ခိုက်မှာမြစ်ရဲ့ဘယ်ညာတစ်လျှောက်က မီးရောင်စုံတွေ အနှံ့လင်းနေတဲ့ … Continue reading
Posted in Uncategorized
Leave a comment
သိပ်လှတဲ့မြစ်တစ်စင်း
မြစ်နဲ့တောင်မတူဘူး လှလွန်းလို့၊ ရင်ထဲမှာ တသိမ့်သိမ့်နဲ့ ကြည်နူးလို့မဆုံးနိုင်၊ တကိုယ်လုံးကို ထွင်းဖောက်ပြီး ဖြတ်သန်းစီးဆင်းသွားတာ၊ မြစ်မှဟုတ်ရဲ့လားကွာ လှလိုက်တာ။ ။ ခင်အောင်အေး ၁၁ ဇန္န၀ါရီ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၄း၀၀ နာရီ
Posted in Uncategorized
Leave a comment
ယိုဖိတ်ခြင်း
အမျိုးအမည်မသိ ကျိုင်းကောင်များနှယ် အချိန်ယူစိုက်ပျိုးထားတဲ့ သီးနှံခင်းထဲ အုပ်လိုက် မည်းမည်းလှုပ်လှုပ် ထိုးဆင်း သုတ်ကြတယ် မပြယ်သော မေတ္တာတရားသာ ကယ်မ ရာ နည်းကောင်းလမ်းကောင်း စိတ်ကူးချဲ့ရာနောက်ကို အဆိုးမလိုက်စေလင့် အသိကောင်းရှိရင် ဘ၀မှာ အဖြေကောင်းရှိပါတယ် ချစ်ခြင်းဖြင့် ထိုးတက်လာသော အပင်၌ အမြစ်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အလက်၊ အညွန့် အပွင့်၊ အသီး အားလုံးဟာ ဆေးဖက်ဝင်ပါတယ် ယုံကြည်စွာ အားကိုးစိတ်ဖြင့် ပုံအပ်ဖို့ပဲ လိုမယ် — ၂၀၁၆ ခု … Continue reading
Posted in Uncategorized
Leave a comment
ကျိန်စာ
ကုက္ကိုလ်ပင်ရဲ့အရိပ်တွေ ထောင့်မာ နေကြလို့ ညက မက်ခဲ့တဲ့ အိပ်မက်ဟာ ကျောမှာ စိုက်ရက်တန်းလန်းကြီး ကားကြိတ်ခံ ခိုတကောင် ကတ္တရာလမ်းပေါ် သွေးနဲ့စေးထန်း မမြင်ရတဲ့ အနာဂတ်ထဲ အရိပ်မည်းမည်းကြီးတွေ နေအလင်း အစူးမခံရပါပဲ မျက်နှာရှေ့မှာ လက်နဲ့ကာမိ။
Posted in Uncategorized
Leave a comment
နတ်သမီး
နတ်သမီး မှောင်ရိပ်ထဲမှာ ကွန်းခိုရာ ရှာမိတယ် ပင်အပ်ဟာ ကြမ်းပေါက်ကျွံခဲ့ပေါ့ အချစ်က ဆီအပြည့်ခွက်ထဲတောက်ပ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေပါ့မယ်။
Posted in Uncategorized
Tagged Kenneth Wong, Khin Swewin, Maung Day, Moemakha Hlaing, Thaung Tan Win
Leave a comment
ပန်းကလေး ၅
နေ့တွေကို မင်းဖြတ်သန်း ကျင်လည်ရပုံ ကိုယ့်ကိုယ်ကို စွဲမက်ဖွယ်ဖြစ်စေချင်ပုံ ကိုယ့်ကိုယ်ကို အန္တရာယ်က ရှောင်ဖယ်ရပုံ ကိုယ်ကောင်းကောင်းကြီး စာနာနားလည်နိုင်ပါရဲ့။ မင့်အလှနဲ့ မင့်အိနြေ္ဒ ထိန်းသိမ်းပုံကိုကျတော့ ကိုယ် မရိုသေပဲကို မနေနိုင်ဘူး။
Posted in Uncategorized
Leave a comment
ပန်းကလေး ၎
မင်းက သိပ်လှတယ်။ ဘယ်သူတွေက မင်းကို လှတယ်လို့ ထင်-ထင် မလှဘူးလို့ပဲ ထင်-ထင်၊ ကိုယ့်အတွက် မင်းက သိပ်လှတယ်။ ဘာလို့ဆို- ကိုယ်က မင်းကို သိမ်မွေ့နူးညံ့စွာ ချစ်နေမိတာကိုး ပန်းကလေးရဲ့။
Posted in Uncategorized
Leave a comment
ပန်းကလေး ၃
မျက်လှည့်ဆရာဟာ သေတ္တာတလုံးကို သူ့ရဲ့ မှော်စားပွဲပေါ်တင်လိုက်တယ် သေတ္တာထဲက ပစ္စည်းမျိုးစုံနဲ့ သက်ရှိသတ္တ၀ါအရှင်လတ်လတ်အချို့ သူ့ပညာနဲ့ဆွဲထုတ်ပြတယ် ပုဝါစ ရောင်စုံ အထွေးလိုက် ပြီးတော့ ယုန်တစ်ကောင် ပြီးတော့ အသဲပုံ ပူဖောင်း ပြီးတော့ ချစ်စရာ့ ဘာဘီအရုပ် ပြီးတော့ ခိုဖြူ ကလေး (တောင်ပံတဖျပ်ဖျပ်ခတ်ပြီးစင်နောက်ကိုပျံသွား) ပြီးတော့ ရှေးတိုင်ကပ်နာရီအကြီးကြီးတလုံး ပြီးတော့ အရှင်လတ်လတ်ငါးတစ်ကောင် သူ့ပြကွက်ဆုံးသွားတဲ့အထိ ပရိသတ်ဟာ တလျှောက်လုံး ရင်သပ်ရှုမော — ကိုယ်ကတော့ မကျေနပ်ပါဘူး ဒီလောက် စွမ်းနိုင်တဲ့ မျက်လှည့်ဆရာက … Continue reading
Posted in Uncategorized
Leave a comment
ပန်းကလေး ၂
ကြာပန်းတွေရဲ့ မူလ ဘူတကတော့ ရေပြင်ကျယ်ပေါ့လေ ကိုယ့်အခန်းနံရံမှာ အိုင်းဒီးရဲ့ ကြာ ပန်းချီကား ဖယောင်းတောင့်နဲ့ဆွဲထားတာ သူက ကန်ရေပြင်ရဲ့အရောင်ကို အပြာရောင်နဲ့ခြယ်ရေးထားတယ် ကံအားလျော်စွာ – ဒီပန်းချီကားချိတ်ဆွဲထားတဲ့ ကိုယ့်အခန်းနံရံကလည်း အပြာရောင်။ Painting credit to Anna Biak Tha Mawi
Posted in Uncategorized
Leave a comment