အမျိုးအမည်မသိ ကျိုင်းကောင်များနှယ်
အချိန်ယူစိုက်ပျိုးထားတဲ့ သီးနှံခင်းထဲ
အုပ်လိုက် မည်းမည်းလှုပ်လှုပ်
ထိုးဆင်း သုတ်ကြတယ်
မပြယ်သော မေတ္တာတရားသာ
ကယ်မ ရာ နည်းကောင်းလမ်းကောင်း
စိတ်ကူးချဲ့ရာနောက်ကို အဆိုးမလိုက်စေလင့်
အသိကောင်းရှိရင် ဘ၀မှာ အဖြေကောင်းရှိပါတယ်
ချစ်ခြင်းဖြင့် ထိုးတက်လာသော အပင်၌
အမြစ်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အလက်၊ အညွန့်
အပွင့်၊ အသီး အားလုံးဟာ ဆေးဖက်ဝင်ပါတယ်
ယုံကြည်စွာ အားကိုးစိတ်ဖြင့် ပုံအပ်ဖို့ပဲ လိုမယ် —
၂၀၁၆ ခု ဗာလင်တိုင်းဒေး ဖရာ့ပရာဒင်န် ၂၂း၃၂ နာရီ