ကုက္ကိုလ်ပင်ရဲ့အရိပ်တွေ
ထောင့်မာ နေကြလို့
ညက မက်ခဲ့တဲ့ အိပ်မက်ဟာ
ကျောမှာ စိုက်ရက်တန်းလန်းကြီး
ကားကြိတ်ခံ ခိုတကောင်
ကတ္တရာလမ်းပေါ် သွေးနဲ့စေးထန်း
မမြင်ရတဲ့ အနာဂတ်ထဲ
အရိပ်မည်းမည်းကြီးတွေ
နေအလင်း အစူးမခံရပါပဲ
မျက်နှာရှေ့မှာ လက်နဲ့ကာမိ။