ကြက်ဥတစ်လုံးကို အမာခံကြမ်းပြင်တစ်ခုပေါ်
မတ်မတ်ထောင်ဖို့ကြိုးစားသလို မင်းနဲ့ငါရဲ့ချစ်ခြင်း..
ပြင်းပျတဲ့ စိန်ခေါ်မှုများရဲ့ ဇန္န၀ါရီပြီးတော့ ဖေဖော်ဝါရီ
အလင်းဟာ သူ့တန်ဖိုးကို ထိန်းချုပ်ဖို့ ဖုတ်ဖက်ခါရုံပဲ
တတ်နိုင်ခဲ့တယ် စာသားများရဲ့ ချော်တောငေါ့မှုအပေါ်မှာ
လိုတရအကြည့်များ ပြီးတော့ မဖော်ပြနိုင်တဲ့ အမည်နာမ
ကျစ်ထားတဲ့ကြိုးဟာ ခိုင်မာရုံမျှမကပဲ လိုရာဆီဆွဲထိန်းလိုက်
နိုင်သလို အဖုံးရဲ့မျက်နှာပြင်မှာ ရေးထိုးထားတဲ့ ဒေတာတွေ။
၈ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း ရန်ကုန် ၂၁း၁၆ နာရီ