တေးသွားကလှပရိုးရှင်းပေမယ့် ကွဲပြားတယ်
ဖိတ်သွားတဲ့ ကော်ဖီရည်တွေ ကော်ဇောပေါ်
အချစ်က ဖန်ခွက်လှလှလေးထဲမှာ တောက်ပ
ပိုက်လုံးတစ်လျှောက်လျှောဆင်းလာတဲ့မိုးရေ
ဘာမှမခံယူလိုက်ရတဲ့ လက်ဗလာထဲမှာ စိုရွှဲ
မြက်ခင်းပြင်တပြင်လုံးမှာ မယုံကြည်ခြင်းများ
သစ်ရွက်တစ်ရွက်ချင်းစီပေါ်က စကားလုံးတိုင်း
ဟာ သံသယ အပျော့စား လိုင်စင်မဲ့လက်နက်
ခြေသလုံးနဲ့ ဖနောင့်ရဲ့အစပ်က ၀င်းပနေတဲ့
ပျော်ရွှင်ဘွယ်တေးသွားကို လေချွန်နေတုန်းပဲ။
၁၃ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်န် ၁၉း၀၆ နာရီ