မိုရေများနဲ့ရွှဲနစ် (အပြင်မှာ မိုးတွေရွာနေတယ်)
အေးစက်တဲ့ အထိအတွေ့က မရောက်နိုင်တဲ့ ခရီးများ
မျက်နှာသစ်ကြွေခွက်မှာ နေ့တိုင်း ကိုယ့်ကိုယ်ကို တွေ့တယ်
မီးရထား မမီလိုက်တဲ့ အကြိမ်များဟာ မိတ်ဖြစ်ဆွေဖြစ်ရုန်းကန်လို့
အသားထဲထိ နစ်ဝင်နေတဲ့ သတိရမှုများ ဒဏ်ရာလို နာကျင်
မျက်နှာပြင်ပေါ်မှာ ဘာ အမှတ်အသားမှ မပေါ်ခဲ့။ ။
၁၂ အောက်တိုဘာ ၂၀၁၅ ဖရာ့ပရာဒင်န် ၁၈း၁၅ နာရီ