
Cherry blossom
တောင်တွေကနေလှမ်းပြီး
ရစ်ဖွဲ့တဲ့ သံယောဇဉ်ကြိုးဟာ
ရုန်းကန်ဖို့ ခက်ခဲလှချည့်
နှင်းခဲပြင်ဖြူ လွ
နောက်ခံမှာ နေခြည်ပြောက်
အဝေးမြင်ကွင်းဟာ လက်တစ်ကမ်းမှာ
နှုတ်ဆက်လိုက်ဖို့ခက်ခဲတဲ့
သစ်ကိုင်း မည်းမည်းဖုထစ်ရွတ်တွများ
အသံနဲ့ မန်းမှုတ်ထားတဲ့ သစ်ရွက်စိမ်း
နှလုံးသား တစ်ခုချင်းစီကနေ ပွက်အံလာတဲ့
စရွေးကိုက် ချစ်ခြင်းမေတ္တာ လှိုင်းအလျားရှည်ရှည်
ဖြူလွလွ ပါးပြင်ပေါ် နီစွေးတဲ့ ရှက်သွေးဖြာမှု
ဆောင်းကို ကိုယ့်ဖာသာ သိတဲ့ စာသား Text တွေ
ပြီးတော့ အယူလွဲမှု ကျောက်စိုင်ကျောက်သားအချို့ 
ငုံ့ထားတဲ့ ခေါင်းပေါ်ကို ထိုးကျလာမယ့် နေရောင်ခြည်။ ။
၂၈ နိုဝင်ဘာ ၂၀၁၄ ဗဟိုလမ်း၊ ကျောက်မြောင်း ၂၂း၂၄ နာရီ