အနက်အဓိပ္ပါယ်များရဲ့
အ၀ါရောင်လမ်းကလေး
ဖြူးဖြောင့်လိုက် ကွေ့ကောက်လိုက်
လမ်းတစ်လျှောက် သစ်ပင်ပန်းမန်များ
အချစ်ကို ရှာဖွေစူးစိုက် နစ်စွဲခိုက်
ရုန်းကန်ရမှုနဲ့ ရင်ခုန်ကြည်နူးရခြင်းများဆတူ
အိပ်မပျော်ညတွေနဲ့ ရင်းနှီးကျွမ်းဝင်ရင်း
မင့် အမည်နာမကို ငါ့ တစ်ဘ၀စာ မင်ကြောင်ထိုးခဲ့ပြီ။ ။
ခင်အောင်အေး
၂၇ မတ်ခ်ျ ၂၀၁၄