အဲလို ခေါင်းစဉ်လှလှလေး ပေးပြီးတော့ ကဗျာတပုဒ်လောက်ရေးရကောင်းမလား
ဆိုတာ ခေါင်းကိုက်လှပါသည်။ တိမ်သည် အချိုး မပြေသော ကျစ်ဆံမြီးနှစ်ချောင်း
နှင့်ကောင်မလေးသာဖြစ်၏။ မိုးရွာသောနေ့က င့ါအလွမ်းဝတ်ရုံများသည် တဖျတ်
ဖျတ်လွင့်နေခဲ့ပါသည်။ မမှားသောရှေ့နေတစ်ယောက် အရက်ဆိုင်ထဲဝင်သွားပြီ။
ကြွတက်လာသော အော်ဂလီဆံစရာအတွေးများအတွက် ကိုယ့်ရှေ့မှာ စောင်းငန်း
စောင်းငန်းသွားနေတဲ့ ထိပ်ပြောင်ကြီးရဲ့ ခေါင်းကို ရိုက်ခွဲမိတော့မယ့်ဆဲဆဲမှာ မုန့်
ဟင်းခါး စားချင်နေသည်။ ကော်ဖီသောက်ပြီးပြီ။ သကြားထုတ်ကို သူ့လက်ချောင်း
သွယ်သွယ်ကလေးများဖြင့် ဖွင့်ပေးပုံ။ ကြမ်းတမ်းသောစကားများက သစ်ပင်ပေါ်က
အရွက်မှန်သမျှကို ချွေချပစ်လိုက်သည်။ နီးကပ်သော ဝေးကွာမှုများသည် အ၀ါ
ရောင်။ လေယာဉ်ကြီးကောင်းကင်ပေါ်ထိုးတက်သွားသောအခါ မြက်ခင်းစိမ်းစိမ်း
ပေါ်က ဂါဝန်ရှည်ရှည်နှင့်ကောင်မလေ့းရဲ့ ထက်ဝက်လျောင်း ခန္ဓာရှည်မျောမျော
လေးကို မမြင်ရတော့ပေ။ နားကျပ်မှတဆင့် ဆမ်ဝှဲယားမိုင်လပ်ဖ်။ မဆီမဆိုင်ပဲ
မိုးစက်မိုးမှုန်များကျလာပြန်ပေပြီ။ ဘီရိုအကွယ် ပြတင်းရဲ့နံရံဖက်အနီးအကပ်ဆုံး
ထောင့်ကလေးမှာ ကွက်ပြီးတော့ နေသာနေ၏။ နေသာသလိုနေပါ ချစ်သူ။ တိမ်
ဆိုတာ စပ်ရှားရှား သကြားလုံးတစ်လုံးမျှသာ။
၂ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၁၇း၀၇ နာရီ