ဖဲကြိုးနဲ့ချည်နှောင်ထားတဲ့
ပန်းစည်းခြောက်တစ်ထွေးသာ
ခြံစည်းရိုးမှာ ကပ်တွယ်လျက်
ဘယ်နှရက် ဘယ်နှလရှိပြီလဲ
ပြက္ခဒိန်ကိုယ်တိုင်က အဖြေမပေးသေးခင်
တအိအိ တက်လာတဲ့ လ ဟာ ရဲတွတ်လို့
မြောက်ဖက်ဆီ ငေးရီရင်း
မပွင့်တစ်ပွင့်ကြယ်တွေကို ရှာဖွေစဉ်ခိုက်
ဝါးရုံရိပ်ဟာ ပိုလို့အမှောင်သိပ်လာခဲ့
‘မေ့သွားမှာလား’
ဘာမှ မကြားရတော့ဘူးလေ
ညတစ်ကိုယ်လုံးဟာ ငါတို့၂ ယောက်ကိုခြားထားလိုက်ပြီ။ ။
ခင်အောင်အေး
၂၁ အောက်တိုဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း တာမွေ ၁၈း၀၉ နာရီ