မင့်ကို တမ်းတရမှုအစုစုက
ပြတင်းက စီးကျတဲ့နေရောင်မှာ
ငါ့ အရိပ်ကို ပိုပြီး ရှည်မျောစေခဲ့တယ်၊
ဘာသိဘာသာ မင့်အချစ်များအပေါ်
ငါ့ ထွန့်ထွန့် လူး ဖြစ်ရမှု.. ပြီးတော့
သောကြာနေ့များရဲ့ ထုံးစံ မထုံတက်သေး
မနီးဘူး ဒါပေမယ့် ဝေးလည်းမဝေးဘူး
နောက်ပြီးတော့ ကိုယ်ချင်းစာတရားဟာ
မှောင်မည်းလို့ .. ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ်
ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ် ဖဲချပ်တွေကို
ထိုးကျွေးခဲ့တယ် ဖဲချပ်တွေကို ထိုးကျွေးခဲ့တယ်
ထိုးကျွေးခဲ့တယ် ဖဲချပ်တွေနဲ့ ဖဲချပ်တွေနဲ့ ဖဲချပ်တွေ…
၁၂ ဒီဇင်ဘာ ၂၀၁၄ ဗဟိုလမ်း ကျောက်မြောင်း ၂၃း၁၄ နာရီ