ဒိုင်ဗင် ထိုးဆင်းလိုက်တော့မယ့်ဆဲဆဲ
ခုန်ချရမယ့် အိနွဲ့နွဲ့စင်ပေါ် မ၀ံ့မရဲ
ပင်လယ်ရဲ့တ၀ုန်းဝုန်းလှိုင်းများ
တစ်သက်နဲ့တစ်ကိုယ် ‘အောင်’ စိတ်
ကျစ်ကြိုးဟာ အဖျားခတ် သီလာခိုက်
ခေါင်းငိုက်စိုက်ချပြီး ပြန်ဆင်းလာခဲ့တယ်
သံမံသလင်းနဲ့ခြေထောက်နဲ့ထိတွေ့မှု
လူလုပ် ရေကူးကန်ရဲ့ ကြည်လဲ့ပြာလွင်နေမှု။ ။
ခင်အောင်အေး
၁ မတ်ခ်ျ ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၃း၅၄ နာရီ