နူးညံ့ခြင်းဟာ
ရေထဲနှစ်စိမ်ထားတဲ့ အံသွားလို
မဆုတ်မနစ်
အချစ်များ
နာကျင်ခြင်းနဲ့
ဖလှယ်ယူထားခဲ့တယ်
နံရံပေါ်
အိုမင်းခဲ့ပြက္ခဒိန်တွေရဲ့
တိမ်းမူးဖွယ် ကြာရင့်မှုနဲ့
နောက်ထပ်တစ်ကြိမ်ရှင်လျက်သေခြင်း။ ။
ခင်အောင်အေး
၁၃ ဒီဇင်ဘာ ၂၀၁၃ ပန်ဒန်း ဘာဒါနား၊ ကွာလာလမ်ပူ ၃း၃၄ နာရီ