‘အဖေ့သွား ရေထဲ အိပ်တယ်’
ကိုခင်ဝမ်းရဲ့ အနုပညာပါရမီ
ကြိုးချင်းထား ကြိုးချင်းငြိ
ငါးမျှားချိတ် ဟာ ငါးရဲ့ ပါးစောင်မှာ ထိထိမိမိ
သိုးဆောင်းတို့ရဲ့ ဘာသာစကားမှာ
ခွေးတစ်ကောင်ရဲ့အဓိပ္ပါယ်ဟာ ငါတို့ဆီကနဲ့ပြောင်းပြန်
စောင်းသွားတဲ့ နေခြည်ရဲ့ လျှပ်ပေါ်လော်လီမှုဟာ
ဖြူ ဖွေးလွလွ ကြွေကော်ဖီ ပန်းကန်လုံးပေါ်မှာ က ခုန်လို့
ကဲရော့ထ်မျှင်ကလေးတွေ ဆွတ်ဖြန်းထားပြီး
ဂျုံ ကောင်းကောင်းနဲ့ ဖုတ်ထားတဲ့ ပေါင်မုန့်တစ်မျိုး
ပုံပြောပြီးရင် မျက်နှာသစ်ကြွေခွက်ထံပါး တိုးကပ်ကာ
လက်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပါ
ဝါးတန်းလှေရဲ့ ငါးကြည့်စင်ပေါ်ကနေ
အရစ်အရစ် ထ နေတဲ့ ငါးတွေကို ပြုံးပြီးကြည့်နေတဲ့မျက်နှာ
အခါမဟုတ်မိုးဟာ အနောက်ရိုးမတောင်ကြောနဲ့
အရှေ့ဖက်ကုန်းမြေမြင့်ကြားမှာ ညပ်နေတယ်
အနက်အဓိပ္ပါယ် မူရင်းတွေကို ဖလှယ်ချင်ကြတဲ့အခါ
မျက်ဝန်းတွေက တဆင့်သာ ပြောဆိုနားလည်လိုက်ကြပါစို့။ ။
၃ ဒီဇင်ဘာ ၂၀၁၄ ဗဟိုလမ်း၊ ကျောက်မြောင်း ၁၉း၃၇ နာရီ