ညစ်ထေးခြင်း သတ္တမနေ့မှာ
ကိုယ် ပြိုကွဲခဲ့ပါတယ်
မထီတရီ အပြုံးနဲ့
မင်း မောင်းထွက်သွားလိုက်ပါ
အရုပ်တရုပ်လို
မလှုပ်မယှက်ကျန်ခဲ့သူ
သွေးနဲ့ကိုယ်
သားနဲ့ကိုယ်
လူစစ်စစ်တစ်ယောက်ပါ
ခွေလဲမကျခင်
လက်မတင်လေး
ပြန်မတ်ရပ်နိုင်ခဲ့တယ်
လေတွေက
တဟူးဟူး တိုက်လို့။
၂၀၁၅ ဇန္န၀ါရီလောက်မှာထွက်မယ့် “အသက်တမျှဘီအာရ်” ကဗျာစာအုပ်မှ –