မိုးဟာ တစိမ့်စိမ့်
ကောင်းကင်ဟာ တစိမ့်စိမ့်
ဘ၀ရဲ့အကျအပေါက်များ တစိမ့်စိမ့်
သွေးထွက်သံယို မှုခင်းများ တစိမ့်စိမ့်
ပိုးမွှားမကင်းတဲ့ အသက်ရှူ မှုများ တစိမ့်စိမ့်
အရိုအသေတန်တဲ့ ဖက်ပွေ့ခြင်းများ တစိမ့်စိမ့်
တဖက်သတ် အလွန်အကျွံချစ်ရမှု များ တစိမ့်စိမ့်
မရှု မလှရှုံးနေတဲ့ကြားက ပြုံးပြနေရခြင်းများ တစိမ့်စိမ့်
ငါ့ Desktop ပေါ်က မင့်ပုံကို ငေးငူနေမိခြင်း တစိမ့်စိမ့်
အိပ်ပျော်ခြင်းဟာ ဆုလဘ်လို့ယုံမှားနေရခြင်း တစိမ့်စိမ့်
မယုတ်မလွန်စကားများနဲ့ ထိန်းမတ်ထားရခြင်း တစိမ့်စိမ့်
မြစ်ထဲ လေး-ငါး-ခြောက်ခါရေဆင်းချိုးခြင်း တစိမ့်တစ်စိမ့်
သတင်းစာ ဂျာနယ်များနဲ့ လုံးလားထွေးလား တစိမ့်စိမ့်
အူယောင်ငန်းဖျား အတွေးအခေါ်ဆိုသည်များတစိမ့်စိမ့်
တမ်းတ, လောက်တဲ့ ကွယ်လွန်သွားပြီးသူများ တစိမ့်စိမ့်
သက်ရှိထင်ရှား ကျန်ရစ်သမျှထဲကအချို့အပေါ် တစိမ့်စိမ့်
စာအုပ်အထူကြီးများပေါ်ခေါင်းအုန်းအိပ်ရင်း တစိမ့်စိမ့်
မယုံကြည်ခြင်းလျှာဖျားပေါ်က ခံတွင်းချဉ်မှု တစိမ့်စိမ့်
မိတ်ဆက် ဒသနများအပေါ် ခဏပန်း တစိမ့်စိမ့်
တဖက်သတ်အလွန်အကျွံချစ်ရမှု များ တစိမ့်စိမ့်
အရိုအသေတန်တဲ့ ဖက်ပွေ့ခြင်းများ တစိမ့်စိမ့်
ပိုးမွှားမကင်းတဲ့ အသက်ရှူ မှုများ တစိမ့်စိမ့်
သွေးထွက်သံယို မှုခင်းများ တစိမ့်စိမ့်
ဘ၀ရဲ့အကျအပေါက်များ တစိမ့်စိမ့်
ကောင်းကင်ဟာ တစိမ့်စိမ့်
မိုးဟာ တစိမ့်စိမ့်
၂၇ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၂၂း၁၃ နာရီ