ခက်ခဲသော အနှစ်သာရများဆီ ကူးလူးဆက်ဆံရမှု
နီယွန်မီး ရှိတစ်ဝက် ပျက်တစ်ဝက်မှတဆင့် မဲပြောင်ပြောင်
ကတ္တရာလမ်းများ ဒုက္ခတွေဟာ ပလက်ဖောင်းများ သဖွယ်
အကွေ့အကောက်များလွန်သော် ဖြောင့်တန်းလိုက်ကြပြန်နဲ့
ဝေယျာဝစ္စတစ်ခုထက် ဘာမှ မပိုတဲ့ တရိပ်ရိပ်မြင့်တက်လာခြင်း
ငုံးစိစိ ရိုးပြတ်များဖြင့် ကန်သင်းရိုးပေါ်က အငုံ့စိတ်များပမာပေါ့
ကတွတ်ပေါက်ကနေ လျှောဆင်းသွားတဲ့ ငပြေမနှယ်သာ။ ။
၁၁ ဇူလိုင် ၂၀၁၄ ကျောက်မြောင်း ရန်ကုန် ၂၃း၁၄ နာရီ