ယခုလို ဆုတ်ခွာပြီးခဲ့တဲ့ နောက်ပိုင်းမှာ
ပင်လယ်ဟာဆိုလဲ အရင်ကထက် ပိုပြီးပြာတယ်
မိုးကောင်းကင်တခို တိမ်ညိုတိမ်မည်းတွေ ပိုပြီးထူထဲလာတယ်
ညဟာ ပိုလို့ နက်မှောင်လာ ကြယ်တာရာတွေ မျက်ရည်ဖြိုင်ဖြိုင်ကျသလို ကြွေဆင်းကြရဲ့
မီးခိုးတွေ အလိပ်လိုက်တက်လာသလိုမျိုး နှင်းမြူတွေ ပိုမို သိပ်သည်းဝေ့တက်လာကာ
လောကဓါတ်တခွင်လုံး ရှိုက်ကြီးတငင် ငိုကြွေးလေရဲ့
ကြည့်လေရာရာမှာ ၀မ်းနည်းကြေကွဲခြင်းရဲ့ အရိပ်တွေသာ လှပ်လှပ်
တံလျှပ်လို မြော်လင့်ခြင်းဟာ သူ့ လှည့်ဖြားခြင်းအတတ်မှာသူ သာယာနေရဲ့
အချိန်မတော်ကြီး လန့်ဖြန့်ပြီး အိပ်ယာက လန့်နိုးလာသူ တစ်ယောက်အဖို့
ခြောက်ခြားမှုအိပ်မက်ဆိုးရဲ့ ကုတ်ခြစ်ရိုက်ပုတ်မှုမှာ ဒါဏ်ရာကို ရှာမရနိုင်ခဲ့
ယခုလို ဆုတ်ခွာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ။ ။
ခင်အောင်အေး
၃၀၊ စက်တင်ဘာ၊ ၂၀၁၁ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၀၄း၀၇ နာရီ