ရုပ်ရှင်ကားထဲမှာ
မောကြီးပန်းကြီးနဲ့ ဇာတ်လိုက်ဟာ
စမ်းချောင်းကလေး တစ်ခုတွေ့တော့
သူ့မြင်းကိုဖြည်လွှတ်ပေးလိုက်ပြီး
သူကိုယ်တိုင်လဲ ရေကိုလက်ခုပ်နဲ့ခပ်ယူသောက်
ပြီးတော့ ခြေလက်မျက်နှာဆေးတယ်
မြင်းကြီးကလဲ သူ့အောက်ဖက်နားမှာ
တစ်ကိုယ်လုံး လူးလှိမ့်ပြီး ရေသန့်စင်တယ်
အားရစရာ ကောင်းလိုက်တာ။
စမ်းချောင်းလေး ခမျာ
နောက်ကျိလို့ ရေဘောင်ဘင်ခတ်လို့
ကျန်ရစ်ရှာတာပေါ့ –
ဒါနဲ့ လူနဲ့မြင်း ခရီးဆက်သွားရော ဆိုပါတော့
စမ်းချောင်းလေးဟာ သီချင်းတအေးအေးနဲ့
အသာအယာ ကြည်လင်စွာ စီးလို့ နေပြန်တယ်
သိပ်မကြာခင်မှာ တခွပ်ခွပ် မြင်းခွာသံကို ကြားရတော့
စမ်းချောင်းကလေး ဘယ်လိုနေရှာမလဲ..
မင်း အိပ်ပြီဆိုလို့ ဒီပုံပြင်လေး ပြောဖြစ်တယ်
မင်း အိပ်ယာနိုးတဲ့အခါ ဒီပုံပြင်လေးကို မမြင်ရအောင်
ကိုယ် ပြန်ပြီး ဖုံးကွယ်လိုက်ပါ့မယ်
သိပ်ချစ်တယ်
ဘီအာရ်..
ခု .. ကိုယ့်မျက်ဝန်းမှာ မျက်ရည်စ တွေနဲ့ပါ။
အမ်န်-ဆက်ဒ်