မြော်လင့်ထားတာထက် စောပြီး
အိပ်ယာက နိုးလာတော့ အလင်းဟာ
သိပ် အားမကောင်းသေးဘူး
အရွက်တစ်ရွက်မှ မကျန်အောင်
ခါချထားကြတဲ့ သစ်ပင်တွေကို
မကြည့်ရဲတာနဲ့ ပြူတင်းကို ရှောင်ကွင်းသွားရ၊
အရှေ့ဖက်ကောင်းကင်ဆီမှာ ကြည်လင်မယ့်
အရိပ်အယောင်အစအနကလေးတွေ မြင်နေရ၊
မကြာခင် ငါ့လက်ထဲ ရောက်လာတော့မယ့် ဟောဒီ
အသစ်စက်စက်နေ့ကို ငါ ဘယ်လို ထိတွေ့ရမလဲ၊
‘မင်္ဂလာပါ နံနက်ခင်းရေ..’
စိတ်ပါ လက်ပါ အသံထွက်လုခမန်း နှုတ်ဆက်လိုက်တယ်
တဆက်ထဲ တုံ့နှေးလေးကန်သွားရပြန်တာက
“ငါ သူ့ကို ဘယ်လိုပွေ့ဖက်လိုက်ရပါ့..” ။ ။
ခင်အောင်အေး
၂၆၊ နိုဝင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၀၈း၁၇ နာရီ