အပြုံးဟာ
မကျက်တော့တဲ့အနာလို
ယဉ်းကိုက်လျက်
လေက ထိုးဖွလိုက်တဲ့
ဆံနွယ်တွေရဲ့ ယိမ်းလှုပ်မှုမှာ
အတိတ်ဟာ ယီးလေးခိုလို့
နေလုံးဟာ
မ၀င်တော့ဘူးလို့
ညင်းဆန်နေသလို
လယ်ကန်သင်းရိုးပေါ်
ပေကပ်နေဆဲ
ဟင့်အင်း
သတိမရပါဘူးလို့
ကိုယ့်ဟာကိုယ် စိတ်တင်း…။ ။
၂၉ အောက်တိုဘာ ၂၀၁၃ မဲဇလီကုန်း ၁၄း၁၃ နာရီ