ရုပ်ပုံကား ပဟေဠိတစ်ခုလို
‘ရှုပ်ထွေးနေတဲ့သစ်ကိုင်းမည်းမည်းတွေကြား
ငှက်မည်းမည်းဘယ်နှစ်ကောင်တွေ့လဲ’ တဲ့။
တစ်ကောင်၊
နှစ်ကောင်၊
သုံးကောင်၊
ငါးကောင်
အဲ ခုနစ်ကောင်၊
အဲ ခြောက်ကောင်
အဲ မဟုတ်ပါဘူး
ခုနစ်ကောင်ပါ…။
ပြတင်းက လှမ်းမြင်ရတဲ့..
မိုးမှုန်တွေနဲ့၊ မီးခိုးရောင်တိမ်တွေနဲ့
မှုန်ကုပ်ကုပ်အအေးဓါတ်တွေနဲ့
သိပ်သည်းနေတဲ့မြင်ကွင်းနဲ့ ငါနဲ့
Game ကစားနေကြတာပါ။ ။
ခင်အောင်အေး
၂၀၊ ဒီဇင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၁း၁၆ နာရီ
Advertisements