နွားရဲ့အိပ်မက်

figure-in-the-shape-of-a-cloud.jpg!Blog

လိပ်ပြာ အကောင်တစ်သန်း
ပင့်ကူမျှင်တွေနဲ့ဖုံတသောသောအခန်းထဲက ၂ ယောက်အိပ်ကုတင်
ကုန်းလျှောလေးတစ်ခုမှာ ခြုံနွယ်တွေရဲ့အရွက်ချွန်ချွန်များ
ကုန်ကားကြီး တစ်စင်းရဲ့အောက်ကို လိမ့်ဝင်သွား
တိမ်တွေထဲ ခြေကားယား လက်ကားယား
မစင်အပြည့်နဲ့ ပုန်းတစ်လုံးမှာ ခေါင်းစွပ်မိပြန်
အတောင်ပံလိုလိုတခုဆီက ဖြူဖွေးတဲ့ အလင်းတန်းကြီး
ဂြိုဟ်ပေါက်စ တစ်လုံးကို ဂျို နဲ့ဝှေ့မိ
အမြစ်ကနေကျွတ်ထွက်ပြီးလေထဲပျံနေတဲ့သစ်ပင်မှာချိတ်ပါသွား
ပန်းသီးလှလှတစ်လုံးကို (မတန်မရာ) ကိုက်ဝါးချင်စိတ်ပေါက်
စင်ဒရဲလားနဲ့ဆင်ဖိုနီတေးသွားတပုဒ်အလိုက်တွဲက နေတုန်း
မြင်းဟီသံဟာ ဗုံးတစ်လုံးပေါက်ကွဲသလို
ရဲတိုက်ကြီးထဲက ငရဲသားမှင်စာတွေ ထွက်မလာခင်
အမြီးကို တန်းနေအောင် ကဆုန်ချပြေးခဲ့ရတယ်
နိုးလာတော့ နွားတင်းကုပ်တစ်ခုထဲမှာ
ပလပ်စတစ်ဇာပေါက်ခြင်ထောင်နဲ့အအုပ်ခံထားရလို့
မြင်သာမြင်ရ မကြင်ရတဲ့ နွားစားခွက်ထဲက
ခြောက်မာလုလုကောက်ရိုးစင်းနစာလေးကိုတောင်မှ
လှမ်းဟပ်ခွင့် မြုံ့ခွင့်မရပလေ ။    ။

၂ မတ်ခ်ျ ၂၀၁၄  ဖရာ့ပရာဒင်န် ဘန်ကောက်  ၁၂း၀၇ နာရီ

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s