အတွေးနဲ့တောင် မဆံ့အောင်ကျယ်တဲ့
လောကဓံများ၊
တောင်ပေါ်ကို ခဏဆိုပြီး
ထင်းခုတ်ဓါးမလေး တစ်ချောင်းနဲ့
အရှိုးရာ ထင်မကျန်ရစ်အောင် နှက်လိုက်တဲ့ ရိုက်ချက်
မီးခိုးတွေက ဘာကိုမှ
ပြန်ပြောမပြကြဘူး
ဒါပေမယ့် အရှိုးရာဟာ နှလုံးသားပေါ် ထင်းထင်းကြီး
တောင်တွေရဲ့အခြားတစ်ဖက်မှာ
ကိုယ်ဟာ စိတ်နဲ့တောင် ခြေချဖို့ အဆင်သင့်မဖြစ်ခဲ့ဘူးလေ
ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ပထ၀ီ သင်္ခန်းစာနဲ့တင်
ရေ၊ လေ၊ မြေ၊ မီး ဓါတ်ကြီးလေးပါးကို သိပြီထင်ခဲ့မိတယ်
လှည့်စားမှုဟာ ပိရိလွန်းတော့ ချုပ်ရာ၊ သီရာကို မမြင်ရဘူး
မိုးမှောင်မည်းရိပ်ဟာ အဲဒီ တောင်တန်းတွေပေါ်ကပဲ ကျော်ဆင်းလာခဲ့တာ။ ။
ခင်အောင်အေး
၂၇ ဧပြီ ၂၀၁၃ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၂း၀၁ နာရီ