ခရုခွံကောက်တာလေးတွေကနေစလိုက်တယ်
ပင်လယ်ကဗွီးပင်တွေထဲ လေရူးတွေ ၀င်မွှေ့တော့
ဖော့ပုံးထဲ ရေခဲနဲ့ထည့်စိမ်လာတဲ့ ဘီယာသံဗူးဖောက်သံ
ခြေတံရှည် ဘန်ဂလိုတွေဖက်ဆီမှာ အရိပ်တွေရှည်လျားစ ပြုပြီ
အုန်းခွံအပဲ့တစ်ခု၊ အုန်းလက်အိုဆွေးတစ်ခု၊ လူအိုလူဆွေးတစ်ယောက်
သောင်နဲ့လှိုင်းခေါင်းဖြူတွေထိနမ်းတဲ့အစပ်မှာ စိုက်ထားတဲ့ မဓမတိုင်
လှေငိုက်စိုက်တစ်စင်း ဟာ ကြိုးတန်းလန်းနဲ့ လှုပ်ယမ်းနေခဲ့ရဲ့
ပိုက်တစ်ဖုံနဲ့မိုလာပုံးလွတ်တစ်တွဲ ကျောက်ဆူးသေးသေးရယ် ရေပိုးဟပ်တွေရယ်
မျက်စေ့အကြည့်ကို ဒိထက် ပိုဝေးအောင် မလွှတ်ရဲတော့ဘူး
ရေခဲစက်ထဲက ပျင်းမုန်းစရာ မုန့်လုံးစက္ကူကပ်ဘ၀ထဲက
ခဏပြေးထွက်လာခဲ့တဲ့ ‘စာရေးမရတဲ့ အကောင်’ ပါ
စာလုံးတွေကို ကမ်းခြေအပြည့် ချရေးလိုက်ရင်
အဆင်ပြေသွားလေမလား။ ။
ခင်အောင်အေး
၎၊ ဇွန်လ၊ ၂၀၁၃ တွင်းန်ဘရွတ်ခ်၊ မေရီလင်းန်ဒ် ၁၁း၄၇ နာရီ
ငြိမ်းအေးအိမ်ရဲ့ “အပြည့်အစုံဖတ်ချင်ရင်..” အစချီတဲ့ ပို့စ်က
စာသားကလေး တခုကို ယူ ခေါင်းစဉ်ပြုပြီး ကဗျာဆက်လုပ်တယ်
စိတ်က မောင်းမကန်ရောက်သွားပြီး အဲဒီ ကဗျာ ထွက်လာတာပဲ
ဗိုလ်ငြိမ်းရေ မူလ ရည်ရွယ်ချက်နဲ့သွေဖည်သွားရင် ခွင့်လွှတ်..