‘မာန’ထဲမှာ
‘ဒုက္ခ’ တခါတည်းတွဲပါပြီးသား
အပြုံးဟာ
ရင်ထဲကဗြောင်းဆန်မှုကို
မလုံ့တလုံ ဖုံးကွယ်လျက်
အံကြိတ်ပြီးငြင်းလိုက်တဲ့တချက်က
စကြာဝဠာကြီးကိုပါ တပြိုင်နက်ဆုံးရှုံးခဲ့ရတယ်။ ။
ခင်အောင်အေး
၂၂ အောက်တိုဘာ ၂၀၁၃ သမိန်ဗရမ်းလမ်း တာမွေ ၈း၂၀ နာရီ