ပါရီကိုရောက်ဖူးပေမယ့် အဲဒီ သံတွေနဲ့ရက်လုပ်ထားတဲ့
စင်အမြင့်ကြီးပေါ်ကို မတက်ဖြစ်ခဲ့ပါဘူး သေမယ်ဆို သေ
လောက်ကဲ့ ဘာမှမဟုတ်ပါဘူး နွယ်ရှင်ကလေး တစ်ခုမျှ
သာပါ မိုးတွေ တစ်အုန်းအုန်းရွာတဲ့ ဇွန် ဇူလိုင်မှာ ရန်ကုန်
မှာ သောင်တင်နေခဲ့တယ် စတိတ်ရှိုးတွေ ခဏခဏ လုပ်
လေ့ရှိတယ် (ဆိုတဲ့) မျှော်စင်ကျွန်းဖက်ကို မရောက်ဖြစ်ခဲ့
ပေဘူး မင်း စက္ကန့်ပိုင်းလောက် မှီအုန်းခဲ့တဲ့ ငါ့ ညာပုခုံး
ပေါ် စာသားတွေ အထွန့်တက်နေကြပြီ နေပူကြီးထဲမှာ
လွန့်နေတဲ့ ကိုယ်စီရဲ့ အချစ်တွေကို မင့်ကင်မရာက ပုံရိပ်
ထင်အောင် ရိုက်မပြနိုင်ခဲ့ပါဘူး ဘာကိုမှ မမြော်လင့်တော့
ပါဘူး ဆိုသူအတွက် မျှော်စင်တွေဟာ အသုံးဝင်မှာမဟုတ်။
၁၇ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း ၂၁း၃၇ နာရီ