ဘယ်တော့မှ
တကယ်တမ်းတုံ့ပြန်လာတော့မှာမဟုတ်တဲ့
မင့်အချစ်များဆီ
ငါ
ယောင်ယမ်းရည်ရော်တမ်းတမိလေတယ်
မိုက်မဲမှုဆိုတဲ့ သင်ခန်းစာကို
သင်ကြားရတဲ့ အခိုက်ရဲ့ အဓိပ္ပါယ်မဲ့မှုကို
တန်းတန်းစွဲ မက်ခြိုက်မိနေခြင်းမျှရယ်သာ
နောက်ပြီး..
ဘယ်တော့မှ ကျလာမှာ မဟုတ်တော့တဲ့
မိုးပေါက်များလို မင့် အချစ်များဆီ
ငါ့
ရော်ရည်တမ်းတမှု လည်ပင်းရှည်ရှည်
အမ်န်-ဆက်ဒ်