ဆင်ကြီးက အားနဲ့ရုန်းလို့
သူ့နောက်မှာ သံကြိုးတွေနဲ့
ချိတ်တွဲထားတဲ့ သစ်လုံးကြီး
မြင်ဖူးကြမှာပါ အများသူငါ
ပန်းချီကားအနေနဲ့ပဲဖြစ်ဖြစ်
ပန်းပုလက်ရာအနေနဲ့ဖြစ်ဖြစ်
ဆင်ကြီးက အားနဲ့ရုန်းလို့
ဆင်ကြီးက အားနဲ့ရုန်းလို့
ဆင်ကြီးက အားနဲ့ရုန်းလို့။ ။
၁၁ သြဂတ်စ် ၂၀၁၄ ရန်ကုန် ၂၀း၁၇ နာရီ