တစ်နေကုန် ကြက်ယက်သလို
ယက်ပြီး ရှာတောင်မှ ကဗျာတစ်စ
မရဘူး။
ဘယ်ဟုတ်မလဲ
လွဲနေခဲ့တာ..တချိန်လုံးလိုလို –
မပျက်ပြယ်သေးတဲ့ မွှေးရနံ့တွေနဲ့အတူ
ရင်ထဲက အဲ့ဒီပိစိကွေး နေရာကလေးမှာ
ကဗျာက ခိုကပ် နေသကိုး၊
ရုပ်ဆိုးမ လှချိန်
ဒါမှမဟုတ် ညီအစ်ကို မသိတသိချိန်..
ညနေကို အမှောင်က အပြီးသပ်စုတ်မြိုနေတာ
ရုတ်တရက် လှမ်းမြင်လိုက်ရတဲ့အခိုက်မှာ
ငါ သဘောပေါက်သွားခဲ့ ။ ။
ခင်အောင်အေး
၎ ဇွန် ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၁၉း၅၀ နာရီ