လင်းမလိုလိုနဲ့
ပြန်မှောင်ကျသွားတဲ့အခိုက်
ခဲတံတစ်ချောင်းကို ချွန်ရင်းတန်းလန်းမို့
ခဲတံကိုပဲ ချွန်ပြီးရင်း ဆက်ချွန်နေမိတယ်
အရယ်အပြုံးတွေ သိသာစွာပါးလျားကျသွားခဲ့တယ်
ကြမ်းခင်းပါကေးပေါ်မှာ ၀ိုးတ၀ါးအရိပ်ရဲ့တုံ့နှေးနှေး
သဏ္ဍာန်များ ခဲတံရဲ့ ခဲဆံချွန်မြမှုဟာ င့ါကဗျာကို တခုခု
ဖြစ်စေနိုင်တယ်လို့ ငါ အယူသီးနေမိတယ် သတိရနေဖို့
ခဲတံကိုသာ အထပ်ထပ် တိုသထက်တိုအောင်ချွန်နေမိ။ ။
၆ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း ရန်ကုန် ၂၀း၅၃ နာရီ