ရုတ်တရက် မိုးတိတ်သွားတဲ့အခါ ကိုယ်ဟာ ထိတ်ထိတ်ပျာပျာ
စက္ကူ ဘူးလေးတစ်ခုလို သူ့ဖြတ်သားနဲ့သူ့ခေါက်ရာအတိုင်းပေါ့
ချေးညှော်ကင်းစင်တဲ့ လေပြေလေညှင်းကိုသာ လိုချင်ခဲ့ပါတယ်
အကြိမ်ကြိမ်မိုးနှောင်းများရဲ့လျှပ်နွယ်လျှပ်ပန်းတွေ ထစ်ချုန်းတဲ့
အသံတွေရဲ့ ဆွဲငင်မွှေနှောက်စုပ်ယူပုံ အနည်ကျကျောက်များဆီ
မပီပြင်တဲ့ ခရီးကို ကိုက်လှီးထားတဲ့ဖြတ်သားစတစ်ခုလို ထိုးသွင်း
ထည့်လိုက်ပုံ ညကို ဖယောင်းစက်ချလိုက်တဲ့အခါ သူ့အရေပြား
တွန့်ခေါက်သွားပုံ မြို့တော်ဟောင်းရဲ့ကျောကုန်းပေါ်က ပွဲတော်
များဟာ အရောင်မမှန်တဲ့ ပုံချပ်တစ်ခုလို ဒလိမ့်၂ ခုကြားက ရွှပ်..
ဆိုပြီး ထွက်ကျလာတယ် မင်း အရယ်အပြုံးကို ငါ ချက်ပြုတ်မစားရ
တာ အတော်ကြာပြီ ချောင်းစပ်ကို ဆင်းမယ် နွံဗွက်ထဲခြေနှစ်ဖက်
လုံး စိုက်ချလိုက်မယ် ပြီးရင် သန့်စင်တဲ့ ကြာငါးခိုင် ခူးမယ်။ ။
၁၀ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ တာမွေ ၂၀း၁၇ နာရီ