လစ်လျူ ရှုခံရခြင်းမှာ
အသားကျစ ပြု နေပါပြီ။
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းဆိုတဲ့ အတိုင်းအထွာကို
ရော်ရမ်းမှန်းဆလို့ ရသလိုလို တွေးခေါ်မိတယ်။
မျက်စေ့ရှေ့က ဖြတ်သွားတဲ့ ကြွက်တစ်ကောင်ကို
ခပ်အေးအေး လှမ်းကြည့်ရုံကြည့်လိုက်တဲ့ ကြောင်လို။ ။
၁၀ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၂၂း၃၄ နာရီ