မိုးက ခပ်ဖွဲဖွဲစွေနေရာက ပုံအော ရွာချလိုက်တဲ့အခါ
ပုံအောထားတဲ့ ငါ့အချစ်များဟာ တချက်ငိုင်သွားတယ်
ကုက္ကိုရွက်တွေရဲ့သည်းခံနိုင်ပုံက တဆိတ်ဖြင့်လွန်လွန်းတယ်
ကိုယ်လုံးပေါ်ကရေပေါက်တွေ ခါထုတ်လို့မဆုံးတဲ့ ခိုတစ်စုံ
သူတို့ လွှဲစီးနေကျ ဓါတ်ကြိုးတန်းတစ်လျှောက် ရေသီးတွေကို
တွက်ချက်ပေါင်းနှုတ်နေကြထင့် သွပ်ခေါင်မိုးတွေပေါ် တဖြောင်း
ဖြောင်းနဲ့ရိုက်ထိရာက ဖွာလွင့်ထွက်လာတဲ့ မိုးမှုန်မွှားတွေဟာ
ရင်ထဲက တရှိန်းရှိန်းအပူငွေ့တွေနဲ့တထေရာထဲပဲ ဆိုတော့ကာ
အလွမ်းတွေကို ထပ်ပြီးပုံအောထည့်လိုက်ဖို့ ၀န်မလေးတော့ဘူး။
၃ သြဂတ်စ် ၂၀၁၄ ကျောက်မြောင်း၊ ရန်ကုန် ၁၃း၃၄ နာရီ