အဲဒါကို စမ်းချောင်းကလေးဆီ ချီမ လာခဲ့တယ်
နေခြည်ရဲ့ မမဲ့တမဲ့ မျက်နှာဟာ မှုန်ကုပ်တစ်ဝက်နဲ့
မင်းရဲ့ အချီအချ အတိုးအလျှော့ င့ါအပေါ်အချစ်များ
ဝင်ကစွပ် ကောင်လို ဘယ်လိုပျော်ရမှန်းမသိကိန်းဖြင့်
တောတန်းကလေးအတိုင်း မိုက်မဲမှုဟာ ဒရွတ်ဆွဲလို့
လင်းနွေးမှုကြောင့် ပွင့်မယ့်မှိုပွင့်တွေရဲ့ လွန်ဆွဲနေတဲ့
နောက်တွန့်ခြေလှမ်းများရယ် ၀မ်းနည်းကြေကွဲမှုရယ်။
၂၈ ဇွန် ၂၀၁၄ ကျောက်မြောင်း တာမွေ ၂၃း၃၇ နာရီ