မရမက ကုပ်ကပ်ပြီးတော့ တွယ်တက်ခဲ့ရတဲ့
လမ်းကလေး၊ တောင်စောင်းမှာ မြှုပ်ကွယ်ထား
တဲ့ အမတေ၊ တစ်သက်လုံးပိုးပန်းခဲ့တဲ့ ချစ်ခြင်း
မေတ္တာတရားဟာ ရုပ်ကလေး သနားကမားနဲ့ပေါ့။
ညဟာ ပက်လက်လှန်ပေးထားရတာကို အားမရ
သေးပဲ မိုးလင်းသွားသလိုမျိုး၊ ပခြုပ်ထဲက မြွေရဲ့
ပုလွေသံကို နာခံရင်း လွန့်တက်လာတဲ့ ပါးပြင်း။
နှုတ်ခမ်းပေါ်က ပျားရည်ဟာ (အကယ်၍ တကယ်
ပဲ ချို မြိန်တယ်) ဆိုလို့ရှိလို့ရှိရင် ဒါကို နမ်းသွားတဲ့
မကောင်းဆိုးဝါးဟာ သွားဖြီးနေခဲ့လောက်ပြီ။
၂ ဇူလိုင် ၂၀၁၉ ကျောက်မြောင်း၊ ရန်ကုန် ၂၂း၅၂ နာရီ