သောက်နေကျဖန်ခွက်ထဲ လက်နှစ်လုံး
ခန့်မျှ ၊ ပြီးမှ ရေခဲ၂ သို့မဟုတ် ၃ ခဲထည့်
ခွက်ကို shake လုပ် ပြီး ရေခဲရေ နည်းနည်း
လောင်းဖြည့်ရင်း နံရံပေါ်က နှစ်လွန်ပြက္ခဒိန်
ကို မျက်စေ့ဝေ့၊ အရုပ်တွေမှာ အသက်မရှိဘူး
ဒါနဲ့များတောင် ရူးလိုက်ရသေးတယ် အံသြစရာ
ဒီနည်းနဲ့ ပုံနှိပ်ဖို့ သစ်သား ဘလောက်တုံး။
ခင်အောင်အေး
၃၀ မေ ၂၀၁၄ ဖရာ့ပရာဒင်၊ ဘန်ကောက် ၂၂း၄၆ နာရီ