တစ်မျှင်ခြင်းရှည်လျားထွက်လာတဲ့ သမုဒယများ အေးစက်စက်
အထိအတွေ့တစ်လျှောက် ထိုးကျလာသည့် နေခြည်ပြောက်ကျား
ပမာနှယ် မျောနေသည့်ဇာတ်ထဲက လက်ထိုးအရုပ် ပြန့်ကျဲနေတဲ့
ပင်ခြေအမြစ်ဆုံတစ်ဝိုက်က ရွက်ကြွေများ စိတ်အေးချမ်း ငြိမ်သက်
မှုကိုသာ ပေးပါအရှင်.. ရွရွလှုပ်နှုတ်ခမ်းမှ လိမ့်ပြိုလာခဲ့ နေမညိုမီ
ကပင် အမှောင်ရိပ်ဟာ စိုးမိုးခဲ့ပြီးနောက် ‘နောင်တ’ အသေများ။
ခင်အောင်အေး
၂၄ မေ ၂၀၁၄ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၇း၅၃ နာရီ