စိတ်ရဲ့ အနားသတ်နှုတ်ခမ်းသားတစ်လျှောက်
ရွက်စားမုန်လာပင်တွေ ပျံ့နှံ့ စိမ်းစိုနေလျက်
ရှည်လျားတဲ့ မဲမှောင်ခြင်းများ အိလေးနေလျက်
နေ၀င်ချိန်များနဲ့ ရက်သီထားတဲ့ တြိဂံပုံအတွန့်
ရစ်လုံးထဲက အတိတ်ကြိုးမျှင်များ ရုတ်တရက်
ပြေထွက်ကုန်တော့တယ်၊ မိုးကြိုးပစ်တဲ့ အခါ
ဆီးကာဖို့ ထန်းလက်များ၊ ဖြောင့်တန်းနေတဲ့
တူရှူ မှာ အစက်ငယ်တမျှ အလင်းကိုမြင်ရရဲ့။ ။
ခင်အောင်အေး
၂၀ မေ ၂၀၁၄ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၂၃း၅၁ နာရီ