လက်နှစ်ဖက်ကိုဆန့်ကားထားရင်း ပြည့်ဖောင်းဖောင်း
တီရှပ်အင်္ကျီပေါ်မှာ ‘ငါ လုံးဝ စိတ်မမှန်ပါ’ အေးခဲနေဆဲ
အချစ်တွေဟာ ဘန်းပေါင်မုန့်ပေါ်က နှမ်းကပ်ကလေး
တွေလို ခြေဖ၀ါး လက်ဖ၀ါးလေးတွေ သွေးရောင်လွှမ်း
လို့ အရာဝတ္ထုသို့မဟုတ် လူအမြောက်အများ အိုရှိဗိုရိ
ကိုသုံးကြတယ် စိတ်ကိုပစ်တင်ထားတဲ့ မိုးကုပ်စက်ဝိုင်း
မှာ အပြာရောင်ကအားနည်းနေပြီး ပုစွန်ဆီသွေးများ။
ခင်အောင်အေး
၂၂ မေ ၂၀၁၄ ဖရာ့ပရာဒင်န် ၈း၃၄ နာရီ