အမူအကျင့်တစ်ခုစီရဲ့ အရောင်အသွေးခြင်းပွတ်တိုက်
မြည်းငိုက်နေရာက လန့်နိုးလာသလို မိုးသားတွေဟာ
အရှိန်နဲ့ပြေးတယ် ထိကိုင်လို့မရ၊ ဆ,တူ ပူပန်ရခြင်းများ
ကားလက်ကိုင်ဘီးပေါ်မှာ တွေဝေခြင်းတွေ စွန်းထင်းခဲ့
နစ်နေအောင်မွှေးသောပန်းများနဲ့နင့်နေအောင်ချစ်ခြင်း
တရားများ ရေပြင်ပေါ်တလက်လက်နေရောင် ထိုင်ငေး
ကြည့်နေရရုံ လက်မှိုင်ချလျက် အစ၂ ခုရဲ့ထိတွေ့ခြင်း။
ခင်အောင်အေး
၂၅ မေ ၂၀၁၄ ဖရာ့ပရာဒင်န် ၅း၂၅ နာရီ