ငါဟာ မဆူပွက်နိုင်တဲ့
ရေနွေးအိုးတစ်လုံးလို
ဒါမှမဟုတ်
ညှိလို့မညီနိုင်တဲ့
ဂစ်တာ တလက်လို
ဒါမှမဟုတ်
လျှော့လို့မဆုံးတော့တဲ့
မှန်စာတိုက်စွန်ကြိုးလို
ဒါမှမဟုတ်
လိုက်လေဝေးလေ ‘အဓိပ္ပါယ်’ ဆိုတဲ့
စကားလုံးလို
ဒါမှမဟုတ်
အိပ်ရေးပျက်နေတဲ့
အိပ်မက်ရှည်တပုဒ်လို
ဒါမှမဟုတ်
ကြောင်အမ်းနေတဲ့
အူလှိုက်သည်းလှိုက်ဆက်ဆံရေးတခုလို
ငါဟာ
ဆွေ့ဆွေ့ခုန်နေရဲ့။ ။
ခင်အောင်အေး
၂၀၊ ဒီဇင်ဘာ၊ ၂၀၁၂ ချေလ်တန်ဂရို့ဗ်၊ လန်ဒန် ၁၁း၃၈ နာရီ