လိမ္မာပါးနပ်တဲ့ တံတိုင်းများဆီ
ငါတို့ရဲ့ အသားလွတ်မာကျောတဲ့ ခေါင်းများ
ပြေးလွှား ဆောင့်တိုက်မိကြပြီ။
ထူထဲတဲ့ သမိုင်းလို
လူတရပ်မက မြင့်တဲ့ မြက်ရိုင်းတောများ
ပေးဆပ်ခဲ့ရမှုများနဲ့ အဲ့ဒီ အဓိပ္ပါယ်ရဲ့အရွေ့
ပညာသားပါပါ စီထပ်ထားတဲ့ အုပ်ချပ်များဟာ ထူထဲခဲ့တယ်
လိုသလို ပုံသွင်းယူဖို့
ဒါမှမဟုတ် အမှန်တရားကို စနက်တန်ဖြုတ်ပြီးသား
ဗုံးတစ်လုံးလို ပွေ့ဖက်လိုက်ဖို့ သမ္မာကျမ်းစာနဲ့ ကွိုင်ယာများက
မဖြောင့်ဖျနိုင်ခဲ့တဲ့ အမုန်းတရားများနဲ့ တရားသော အမုန်းများ
ခေတ်တခုကို ငါတို့ ဘယ်လိုဆန်းစစ် ပုံဖော်ရစ်ကြမလဲ
သဲသောင်တစ်ခု ပေါ်က ဘ၀မဲ့ ခရုခွံတွေလိုလား။ ။
ခင်အောင်အေး
၁၁၊ ဇွန်လ၊ ၂၀၁၃ တွင်းဘရွတ်ခ်၊ မေရီလင်းန်ဒ် ၀၀း၂၂ နာရီ