ဆက်လက်၍ ကျဆင်းလာခဲ့ရာ
ဆက်လက်၍ ကျဆင်းစရာ မရှိတော့သည့်
နေရာ တစ်ခုသို့ ရောက်ရှိခဲ့လေ၏
ခဲလို မိုးကောင်းကင် တစ်ခုမျှ
အံ့ဖွယ် မွန်းတည့်ချိန် အပွင့်တွေ ပျက်ကြွေနေပုံ
ငါ ဘယ်လိုလုပ် ရပ်တည်ရမလဲ ဆို..
နစ်မြုပ် ၀ိဥာဉ်နဲ့ မျက်နှာဖုံးတပ် စိတ်ထဲကို
သူ့ အမွှေးအတောင်တွေကို ဖြည်
လူလို ငါ တုန်လှုပ်မိတော့တယ်
တောသားတစ်ယောက် ရိုးရိုးတွေးခေါ်ပုံမျိုးနဲ့
စာအုပ်တွေမျှ။ အချစ်များလား မသင်္ကာစရာ
ခင်ဗျားကို ကဗျာထွက်အောင် နာကျင်စေခဲ့ရဲ့
လေလွင့်ခဲ့သူ၊ ချစ်ခဲ့၊ အချစ်ခံရပြီ ထင်ခဲ့သူ
သွားတစ်စုံ ပုလင်းထဲ ထည့်ပြီး ခလောက်ကာ
ညရဲ့ အောက်ခြေထိ လိုက်လေတော့
မေတ္တာကနေ မျက်နှာကို မလွှဲဖယ်နိုင်ချေတော့
အမြဲစိမ်း သစ်တောထဲ ၀ံပုလွေတွေ ပြေးဆဲ
ငါတို့အားလုံး ချစ်စရာ မျှော်လင့်ချက် နိမိတ်ပုံ တစ်ခုဆီ
‘ဒူနီက တယောဆရာဟေ့’ ဟု ဆိုကာ
အိပ်မက်ဆဲ နှစ်ရဲ့ တစ္ဆေများ
လန်ဒန်ရဲ့ မီးရောင်ထိန်ထိန်ဆီ ထွက်ပြေးခဲ့
ဒီလောက် ဆိတ်ငြိမ်မှု ဒီလောက် တုံ့ဆိုင်း ပီတိရှိန်
ဒါနဲ့ သူတို့ ပန်းခြံကို နှံကြတယ်
သူ ပြန်လာပြီး တေးဆိုကောင်း ဆိုမပေါ့
ဟင့်အင်း။ ကျု ပ်က ဒီကို ရောက်ရမှာ မဟုတ်ပါဘူး
ကြီးမားတဲ့အချစ်ကို ဘယ်မိန်းမမှ မရဖူးဘူး ဆိုတာ
သစ်ရွက်တစ်ရွက် သစ်ပင်ပေါ်ကျန်နေတာ ငါ တွေးမိ။ ။
ခင်အောင်အေး
၆ ဇွန် ၂၀၁၄ ဖရာ့ပရာဒင်န် ဘန်ကောက် ၂၄း၁၁ နာရီ
ဆက်လက်၍ကျဆင်းစရာ မရှိ လူလို ငါ တုန်လှုပ်မိ ဒီလောက်တုန့်ဆိုင်း နိဗ္ဗာန် ပန်းခြံ အချစ်များလား မသင်္ကာစရာ …