ကျစ်လစ်သောစကားပြေဖြင့် နံနက်ခင်းအား
ချော့မြှူ မိ ကြည်လင်မှုဆီတွားသွားဆဲအခိုက်
နှင်းမှုန်စက်ကလေးများလို ကြည်နူးပီတိစိတ်
ဝရံတာမှငေးရီစဉ်မှာပင်တိမ်တွေထဲအလိုလို
ရောက်နေ ချမ်းမြေ့အေးမြခြင်းတွေစိမ့်ဝင်ကာ
အပြန့်လိုက်ခင်းထားတဲ့ အိပ်မက်ပြင်ကျယ်။