မိုးစက်ဝိုင်

 

 
‘ကြည့်ကောင်းအောင်
အရင်ပြောကြည့်ပြီးမှ
ကြည့်ကျက်ပြောတော့မယ်..’
 
ဖွဲမီးလို
တစ်စတစ်စ လောင်နေခြင်း။
 
မြစ်များရဲ့ကောက်ကွေ့မှုကို
အလျင်စလို သတင်းမထုတ်ပြန်မီ
ငါ့ကို တင်ဆက်တဲ့ အဲဒီ အော်ပရာအဟောင်းများ
လ အနည်းငယ်မျှ နောက်ကျနေတဲ့ ဂျာနယ်အဟောင်းများ
‘ချောကလက်မှိုတက်ရုပ်နဲ့ ငါ့ကို လာမဆက်ဆံနဲ့ကွာ..’
လိုတာထက် နည်းနည်းအသံပိုကျယ်တဲ့ အငေါ်တူး စကားများ
 
ရထားပြီးတဲ့
လက်ဝယ်ရောက် သိန်းဆယ်ဂဏန်းတန်ကျောက်နှယ်
ဆီစိမ်စက္ကူထဲ ထမင်း၀၀ မစားရသူလို ခုန်ပေါက်
“ခင်ဗျား ကတော့ဗျာ…” ဆိုပြီး ရယ်ကျဲကျဲလုပ်နေရ-

အမှန်တကယ်တော့ ရွှေသွားပေါ်အောင် အပြုံးရခက်နေတဲ့
ရှေ့ခြမ်းနောက်ခြမ်း လဲထားသူရဲ့ ၀မ်းခေါင်းသံကြီးဟာ
ကိုယ် ဘယ်လိုမှ အပေါက်အလမ်းတည့်အောင်မရေးတတ်တဲ့
ကဗျာအမျိုးအစားသစ်တစ်ခုပဲ ဆိုပါတော့ ။   ။
 
ခင်အောင်အေး
၃ ဒီဇင်ဘာ ၂၀၁၃  သမိန်ဗရမ်းလမ်း၊ တာမွေ  ၂၂း၁၉ နာရီ
 
(တေးခက်သို့ အမှတ်တရ)

Advertisements
This entry was posted in Uncategorized. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s